သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-19
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာရှိတဲ့ သမ္မတဟောင်း George W. Bush တည်ထောင်ထားတဲ့ ဘုရှ် အင်စတီကျု Bush Institute မှာ နိုင်ငံရေးနဲ့ ခေါင်းဆောင်မှုဆိုင်ရာ ၃ ပတ်ကြာ သင်တန်းတက်ရောက်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ဒုတိယ ဥက္ကဌ ကိုလင်းထက်နိုင်ကို ဝါရှင်တန်ဒီစီမြို့တော် RFA ရုံးချုပ်မှာ ကိုကျော်ကျော်အောင်က ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-07-18
မနေ့က လွတ်တော်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တင်ပြခဲ့ပြီး မကြာခင် တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက အစိုးရနဲ့ ညိုနိုင်းမူတွေလုပ်ဖို့ ကျန်နေသေးတယ်လို့ ပြောပါတယ်။ ဦးတင်အောင်ခိုင်က ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းထားပါတယ်။
2014-07-16
သမ္မတ ဦးသိန်းစိန်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်ရင်ရင်နွယ် ကို ဝါရှင်တန်ဒီစီမြို့တော် RFA ရုံးချုပ်မှာ ကိုကျော်ကျော်အောင် သီးသန့်တွေ့ဆုံမေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
2014-07-15
လက်ရှိ NLD နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေ၊ မကြာခင်က ဖြစ်ပွားခဲ့တဲ့ မန္တလေးပဋိပက္ခ နဲ့ သတင်းသမားတွေကို အစိုးရက ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးတာတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦး ရဲ့ သဘောထားအမြင်တွေကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-07-14
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ မြန်မာကာတွန်းဆရာတွေရဲ့ ဖန်တီးမှုလုပ်ငန်းအခြေအနေတွေ နဲ့ ပတ်သက်ပြီး၊ ကာတွန်းဆရာ အော်ပီကျယ် ကို ဦးသစ်ဆင်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-07-10
မန္တလေးမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အဲဒီဖြစ်ရပ်မတိုင်ခင်မှာ အရှိန်အဟုန်မြင့်နေတဲ့ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု တန့်သွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
2014-07-08
မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ သမ္မတ ဦးသိန်းစိန် ရဲ့မိန့်ခွန်းထဲမှာ သတင်းမီဒီယာတွေကို သတိပေးပြောကြားခဲ့သလို၊ ပဋိပက္ခတွေအတွင်း သတင်းယူကြတဲ့ သတင်းသမားတွေ ကိုလည်း အကြမ်းဖက်သူတွေရဲ့ အခြိမ်းခြောက်ခံကြရတယ်လို့ ကြားသိရပါတယ်။
2014-07-08
မန္တလေးဆူပူမှုဟာ လူတစု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့တမင်ဖန်တီးလုပ်ဆောင်တာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်ပြောဆိုချက်ကို ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ကသူနဲ့ သဘောထားတူညီကြောင်းပြောဆိုပါတယ်။ ဒါပေမယ့် အစိုးရက အရေးယူတဲ့အခါ တရားခံအစစ်ကို မဖေါ်ထုတ်နိုင်ပဲ အပြစ်မရှိသူတွေကိုတရားခံအဖြစ် ဖန်တီးဖေါ်ပြမှာကို စိုးရိမ်တယ်လို့ဆိုပါတယ်။ ကဗျာဆရာကြီး ဦးကိုလေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-07-08
မန္တလေးမှာဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေနဲ့ သတင်းမီဒီယာတွေရဲ့တင်ပြမှုအပြင် နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့လက်ရှိ လိုလားမှုတွေနဲ့ ပတ်သက်ပြီး ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-07-08
အင်တာနက်လူမှုကွန်ရက် Facebook စာမျက်နှာတချို့ပေါ်မှာ တွေ့နေရတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေမယ့် အရေးအသားတွေကို မယုံကြည်ကြစေလိုကြောင်း၊ ရခိုင်ပဋိပက္ခနဲ့ဆက်နွယ်ပြီး ဖေ့စ်ဘုတ်လို စာမျက်နှာကနေ လှုံ့ဆော်သူတွေကိုလည်း အစိုးရထံတင်ပြခဲ့ကြောင်း အနုပညာရှင် ဦးဇာဂနာက ပြောပါတယ်။ ဦးသူရ(ခ) ဦးဇာဂနာကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-07-08
မန္တလေးမြို့မှာ ဇူလိုင်လ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူမှာ သေဆုံးခဲ့သူ ကိုကျော်ကျော်ရဲ့ ဈာပနအတွက် ပုသိမ်ကြီးမြို့နယ် ရွှေကြေးစည် နာရေးကူညီမှုအသင်း နာယက ဆရာတော် ဦးဥတ္တမက နာရေးကြော်ငြာ ဖိတ်စာတစောင်ဖြန့်ဝေခဲ့ပါတယ်။ အဲဒီဖိတ်စာကို လူမျိုးရေး ဘာသာရေး လှှုံ့ဆော်တဲ့စာအဖြစ် ယူဆသူတွေရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေကြေးစည် ဆရာတော်ဦးဥတ္တမကို ဦးတင်အောင်ခိုင်က ဆက်သွယ် လျောက်ထား မေးမြန်းခဲ့ပါတယ်။
2014-07-05
ရန်ကုန်မြို့မှာ ဇူလိုင် ၅ ရက်နေ့ စတင်ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ နဲ့ပတ်သက်ပြီး လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှုး ကိုအေးနိုင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-07-01
မြန်မာနိုင်ငံက Eco Tourism ခေါ် ဂေဟစနစ် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရန် ရှောင်ရန်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ သဘာဝချစ်သူများ ခရီးသွားလုပ်ငန်း ဥက္ကဌ ဦးအောင်ဒင် ကို ဒေါ်စန်းစန်းတင် က မေးမြန်းခဲ့ပါတယ်။
2014-06-30
မန္တလေး NLD က ဦးဆောင်ပြုလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒရယူ လက်မှတ်ထိုးပွဲတွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က NLD ပါတီဝင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (မန္တလေး) က တာဝန်ခံတစ်ချို့ကို ခေါ်ယူသတိပေးခဲ့ကြောင်း သိရပါတယ်။
2014-06-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံဘွဲ့ရတွေကို အငယ်တန်းအော်ပရေတာ သင်တန်းတက်စေပြီး အလုပ်ခန့်ရာမှာ လစာ ညှိုနိုင်းမရဖြစ်နေတာ သုံးလ ရှိသွားပြီလို့ သိရပါတယ်။ ဝမ်ပေါင်ကုမ္ပဏီက အလုပ်သမားတွေကို ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင် ပြန်ဝင်ဖို့ စာထုတ်ထားပါတယ်။ သင်တန်းသားတွေက မနက်ဖြန် လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြမယ်လို့ဆိုပါတယ်။ သင်တန်းသားတစ်ဦးဖြစ်တဲ့ ကိုဖြိုးယုဌေးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။