Facebook ပေါ်မှ ရေးသားမှုများအကြောင်း ဦးဇာဂနာနဲ့ မေးမြန်းချက်
2014.07.08
အင်တာနက်လူမှုကွန်ရက် Facebook စာမျက်နှာတချို့ပေါ်မှာ တွေ့နေရတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေမယ့် အရေးအသားတွေကို မယုံကြည်ကြစေလိုကြောင်း၊ ရခိုင်ပဋိပက္ခနဲ့ဆက်နွယ်ပြီး ဖေ့စ်ဘုတ်လို စာမျက်နှာကနေ လှုံ့ဆော်သူတွေကိုလည်း အစိုးရထံတင်ပြခဲ့ကြောင်း အနုပညာရှင် ဦးဇာဂနာက ပြောပါတယ်။ ဦးသူရ(ခ) ဦးဇာဂနာကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။