ဝမ်ပေါင်ကုမ္ပဏီ ဆန္ဒပြ ဝန်ထမ်းနဲ့မေးမြန်းချက်
2014.06.29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံဘွဲ့ရတွေကို အငယ်တန်းအော်ပရေတာ သင်တန်းတက်စေပြီး အလုပ်ခန့်ရာမှာ လစာ ညှိုနိုင်းမရဖြစ်နေတာ သုံးလ ရှိသွားပြီလို့ သိရပါတယ်။ ဝမ်ပေါင်ကုမ္ပဏီက အလုပ်သမားတွေကို ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင် ပြန်ဝင်ဖို့ စာထုတ်ထားပါတယ်။ သင်တန်းသားတွေက မနက်ဖြန် လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြမယ်လို့ဆိုပါတယ်။ သင်တန်းသားတစ်ဦးဖြစ်တဲ့ ကိုဖြိုးယုဌေးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။