သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-04
နှစ်ပတ်နီးပါးကြာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ ကရင်ပြည်နယ်မှာ အစိုးရနဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေ၊ ပရဟိတ အဖွဲ့အစည်းတွေ က စားနပ်ရိက္ခာထောက်ပံ့တာ၊ ကျန်းမာရေး စောင့်ရှောက်တာတွေနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေကြပါတယ်။
2018-08-04
မြန်မာနဲ့ တရုတ် ဖက်စပ်တည်ဆောက်မယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏကို မြန်မာဘက်က လျှော့ချလိုက်ပါတယ်။ ဒီစီမံကိန်းကို အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံ အကုန်ကျခံ တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ရာက အခု ဒေါ်လာ ၁.၃ ဘီလီယံသာ ရင်းနှီးမြှုပ်နှံဖို့ အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။
2018-08-03
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အပိုင် ဟောင်သရောချောင်း တလျှောက်က ကျေးရွာတွေမှာ ရေကြီးရေလျှံ ဖြစ်နေတာ နှစ်ပတ်ကြာနေပါပြီ။ လယ်မြေ ဧက ထောင်ချီပြီး ရေနစ်မြုပ်ပျက်စီးခဲ့သလို ဒေသခံတွေမှာလည်း စားဝတ်နေရေး အခက်အခဲ ဖြစ်နေပါတယ်။
2018-08-03
တရုတ်-မြန်မာနယ်ခြား ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးကတဆင့် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးလို့ ယူဆရတဲ့ ပစ္စည်းတွေကို တရားမဝင်တင်ဆောင်လာတဲ့ တရုတ်ကုန်တင်ကား ၂၈ စီးနဲ့အတူ တရုတ်နိုင်ငံသား ယာဉ်မောင်း ၇ ဦးကို သြဂုတ်လ ၂ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ အဲဒိအကြောင်းကို ပြန်ကြားရေး တွဲဘက်တာဝန်ခံ ဦးဉာဏ်ထွန်းကို မေးမြန်းထားပါတယ်။
2018-08-03
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာမှာ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲတာကြောင့် တရုတ်နိုင်ငံသား ၁ ဦး နဲ့ မြန်မာ မိုင်းလုပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-03
ကျောင်းသားသမဂ္ဂ ၆၃ ခုရဲ့ ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ မနေ့ က တွေ့ဆုံပွဲမှာ အဆင့်မြင့်ပညာရေးဥပဒေ မူကြမ်း ပြန်လည်ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်း ပြီးရေးဆွဲရာမှာ နိုင်ငံတဝှမ်းကရွေးချယ် တဲ့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေကို ပါဝင်ရေးဆွဲခွင့်ပြုဖို့ သဘောတူညီခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂများ ဥက္ကဋ္ဌ ကိုနန်းလင်း ကပြောပါတယ်။
2018-08-02
ထိုင်းနိုင်ငံမှာ ဗီဇာအတု ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၁ဝဝ ဝန်းကျင်ကို စစ်ဆေးတွေ့ရှိထားတယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ ထိုင်းနိုင်ငံ ဥပဒေအရ ဗီဇာအတု ကိုင်ဆောင်ရင် ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တာကြောင့် အလုပ်သမားတွေအနေနဲ့ ကိုယ့်ရဲ့ဗီဇာကို အစစ် ဟုတ်မဟုတ် နယ်စပ်ဂိတ်တွေမှာ စစ်ဆေးနိုင်ဖို့ ထိုင်းနိုင်ငံနဲ့ ညှိနှိုင်းပေးထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။
2018-08-02
အဆင့်မြင့်ပညာရေးဥပဒေမူကြမ်း ရေးဆွဲဖို့အတွက် တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ် ကျောင်းတွေအလိုက် ပဋိညာဉ်တွေ ရေးဆွဲအတည်ပြုပြီးမှသာ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းကို ရေးဆွဲနိုင်မှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
2018-08-01
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အစိုးရကယ်ဆယ်ရေး လက်လမ်းမမီတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တကောင်းဘိုး၊ မီးပုံး၊ ကုန်းတန်းကြီး...စတဲ့ ကျေးရွာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လူငယ်တွေ သြဂုတ်လ ၁ ရက်နေ့က ကူညီထောက်ပံ့ရေး သွားရောက် လုပ်ခဲ့ပါတယ်။ အဲဒီကျေးရွာတွေမှာ လယ်မြေတွေ ရေကြီးနစ်မြုပ်ပျက်စီးနေပြီး စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
2018-08-01
ပဲခူးတိုင်းမှာ ရေဘေးဒုက္ခသည် တစ်သိန်းကျော်ရှိပါတယ်။ ဒုက္ခသည် လေးသောင်းကျော်ဟာ ပဲခူးမြို့ပေါ်မှာ ရွှေ့ပြောင်းနေရပါတယ်။ ရွှေကျင်မြို့မှာ နှစ်သောင်းကျော် ရှိပါတယ်။ ရေဘေးဒုက္ခသည်တွေရဲ့ ကျန်းမာရေးကို စစ်တပ်က ကူညီစောင့်ရှောက်နေပေမယ့် စားသောက်ဖို့အတွက် “ဆန်” လိုအပ်နေပါတယ်။
2018-08-01
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ တရားသူကြီးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ (က) အရ တရားရှင်လွှတ်ဖို့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ရေးထားတာဟာ စာမျက်နှာ ၄ မျက်နှာပဲ တွေ့ရှိရပါတယ်။ ဒီအချက်ဟာ ဥပဒေ ရှုထောင့်အရ အင်မတန် ပေါ့လျှော့စွာနဲ့ တစုံတခု ပယောဂကြောင့် ပြုမူခဲ့တယ်လို့ သံသယဖြစ်စရာရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ရှေ့နေ ဒေါ်စန်းစန်းမြင့် က RFA ကိုပြောပါတယ်။
2018-07-31
ရခိုင်ပြည်နယ်ထဲမှာ ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ စွပ်စွဲချက်တွေနဲ့ ဆက်နွယ်တဲ့ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်မယ့် "လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်"ကို အစိုးရက ဖွဲ့စည်းလိုက်ပါတယ်။
2018-07-31
ကရင်ပြည်နယ်မှာ ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်၊ ကော့ကရိတ်နဲ့ မြဝတီမြို့နယ်တွေမှာ ရေကြီးနစ်မြုပ် နေတာကြောင့် လူ နှစ်သောင်းကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေပါတယ်။ အစိုးရနဲ့ ပရဟိတ အဖွဲ့အစည်းတွေက ကယ်ဆယ်ထောက်ပံ့ရေးတွေ လုပ်နေပေမယ့် အလှမ်းဝေးတဲ့ ကျေးရွာတွေဆီ မရောက်ရှိသေးဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2018-07-31
တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ သြဂုတ်လ ၁ ရက်နေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။
2018-07-31
ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတို့ အတွက် "လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော် မရှင်" ကို နိုင်ငံတော် သမ္မတရုံးက ဇူလိုင်လ ၃၀ ရက် နေ့စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။