ထိုင်းနိုင်ငံဗီဇာ အတုနဲ့ အစစ် စိစစ်ဖို့လို
2018.08.02
ထိုင်းနိုင်ငံမှာ ဗီဇာအတု ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၁ဝဝ ဝန်းကျင်ကို စစ်ဆေးတွေ့ရှိထားတယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ ထိုင်းနိုင်ငံ ဥပဒေအရ ဗီဇာအတု ကိုင်ဆောင်ရင် ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တာကြောင့် အလုပ်သမားတွေအနေနဲ့ ကိုယ့်ရဲ့ဗီဇာကို အစစ် ဟုတ်မဟုတ် နယ်စပ်ဂိတ်တွေမှာ စစ်ဆေးနိုင်ဖို့ ထိုင်းနိုင်ငံနဲ့ ညှိနှိုင်းပေးထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။
RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။