အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို ပြန်ပို့
2018.07.04
ထိုင်းနိုင်ငံမှာ သုံးရက်အတွင်း ဖမ်းမိတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၇ဝဝ ကျော်ကို ထိုင်းအစိုးရက နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာဘက်ကို ပြန်ပို့ပေးခဲ့တယ်လို့ မြဝတီမြို့နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လှိုင်က ပြောပါတယ်။
ညွန်ကြားရေးမှူး ဦးတင်လှိုင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။