ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း


2018.08.04

မြန်မာနဲ့ တရုတ် ဖက်စပ်တည်ဆောက်မယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏကို မြန်မာဘက်က လျှော့ချလိုက်ပါတယ်။ ဒီစီမံကိန်းကို အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံ အကုန်ကျခံ တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ရာက အခု ဒေါ်လာ ၁.၃ ဘီလီယံသာ ရင်းနှီးမြှုပ်နှံဖို့ အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

စီမံကိန်းရဲ့ အကျိုးရလဒ်တွေနဲ့ ဒီစီမံကိန်းအပေါ် ရခိုင်တိုင်းရင်းသားတွေရဲ့ အမြင်သဘောထားတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။