ကျောင်းသားသမဂ္ဂတွေ ကိုယ်ပိုင်ရပ်တည်ခွင်ရရှိရေး


2018.07.31

တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ သြဂုတ်လ ၁ ရက်နေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်း ရေးဆွဲတဲ့အခါ တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကျောင်းသားသမဂ္ဂတွေရဲ့ကိုယ်ပိုင်ရပ်တည်ခွင့်ကို အာမခံတဲ့ အချက်တွေ ရရှိအောင် ကျောင်းသားတွေ့ဆုံပွဲတွေ ကျင်းပခွင့်ရရှိရေးအတွက် ပထမအဆင့်အနေနဲ့ တောင်းဆို သွားမယ်လို့ တွေ့ဆုံပွဲ ဦးဆောင်စီစဉ်သူတွေထဲက ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက ပြောပါတယ်။

RFA သတင်းထောက် မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။