သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-25
ရန်ကုန်မြို့ Melia ဟိုတယ်မှာ မနက်ဖြန် ကျင်းပမယ့် "ရခိုင်အရေး ဘယ်လိုအဖြေရှာမလဲ" ဆိုတဲ့ မဟာပညာကျော်စကားဝိုင်းကို ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တားမြစ်တဲ့အတွက် စကားဝိုင်းကို ရက်ရွှေ့လိုက်ရပါတယ်။
2018-08-25
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အင်းလေးကန်မှာ Myanmar Naing group ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်ဖို့ တင်ပြထားတဲ့ မြေဧက ၉ဝ ဟာ အင်းလေးကန်ထဲကို နှုန်းမြေတွေမဝင်အောင် ကာထားပေးတဲ့ နှုန်းမြေစစ်တဲ့နေရာဖြစ်ပြီး ဟိုတယ်ဆောက်မယ်ဆိုရင် အင်းလေးကန် ပျက်စီးဖို့ရှိတယ်ဆိုပြီး ဒေသခံတွေက သဘောမတူဘဲ ကန့်ကွက်နေကြပါတယ်။
2018-08-24
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း တချို့က “ပြည်သူ့ပါတီ” ဆိုတဲ့နာမည်နဲ့ နိုင်ငံရေးပါတီသစ် တည်ထောင်ခွင့် တင်ထားတာကို ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ခွင့်ပြုလိုက်ပါပြီ။ ပြည်သူ့ပါတီအနေနဲ့ တန်းတူညီမျှတဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာဖို့ အဟန့်အတားဖြစ်စေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆက်ပြီးကြိုးစားမှာဖြစ်သလို၊ တိုင်းရင်းသားပါတီတွေနဲ့လည်း မဟာမိတ်ဖွဲ့သွားမယ်လို့ ပြောပါတယ်။
2018-08-24
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အင်းလေးကန်မှာ Myanmar Naing group ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်ဖို့ တင်ပြထားတဲ့ မြေဧက ၉ဝ ဟာ အင်းလေးကန်ထဲကို နှုန်းမြေတွေ မဝင်အောင် ကာထားပေးတဲ့ နှုန်းမြေစစ်တဲ့နေရာဖြစ်ပြီး ဟိုတယ်ဆောက်မယ်ဆိုရင် အင်းလေးကန် ပျက်စီးဖို့ရှိတယ်ဆိုပြီး ဒေသခံတွေက သဘောမတူဘဲ ကန့်ကွက်နေကြပါတယ်။
2018-08-24
နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ “၂ဝ၁၈ ခုနှစ် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ” မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းအပြီးမှာ လတ်တလော ပညာရေးကဏ္ဍမှာ ဖြစ်နေတဲ့ ပြဿနာတွေကို တက္ကသိုလ်ဆရာ၊ ဆရာမသမဂ္ဂများ ကိုယ်စားပြုကော်မတီက ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဖို့ ကြိုးစားခဲ့ပေမယ့် အခမ်းအနားအစီအစဉ်မှာ မပါတာကြောင့် တင်ပြချက်တွေကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။
2018-08-24
လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ နေပြည်တော်က ကော်မရှင်ရုံးမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2018-08-23
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အယောက် ၃ဝ ကို အလုပ်ရှင်က ပြန်မခန့်တော့ဘူးလို့ ပြောတာကြောင့် အလုပ်သမားတွေ ဆန္ဒပြကြမယ်လို့ သိရပါတယ်။
2018-08-23
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး တရားခံအဖြစ် ဖမ်းဆီးထားသူတွေကို ဒီကနေ့ ၆၉ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2018-08-22
နေပြည်တော် ဥတ္တရသီရိမြို့နယ်ထဲမှာ သမ္မတဟောင်းဦးသိန်းစိန်နဲ့ ဝန်ကြီးဟောင်းတွေက သရက်ဇုန်စီမံကိန်းအတွက် ဆိုပြီး ယူထားတဲ့မြေယာတွေကို စစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ဒီမြေတွေထဲမှာ တောင်သူ ၁၉၆ ဦးရဲ့ မြေဧက ၉ဝဝ ကျော် ပါဝင်နေပါတယ်။
2018-08-22
မောင်တောမြို့နယ်မှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတချို့ မြို့ပေါ်ကို တက်လာကြပါတယ်။ အခုလို ဒေသခံတွေ စိုးရိမ်နေတာဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ များနေတာကြောင့် ဖြစ်နိုင်တယ်လို့ မောင်တော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။
2018-08-22
ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေ ပြန်တက်လာတာကြောင့် ရေးဘေးဒုက္ခသည် ရှစ်ထောင်ကျော် ရှိနေပြီး ရေဘေးဒုက္ခသည်စခန်း ၁၂ ခုလောက် ဖွင့်လှစ်ထားရပါတယ်။
2018-08-22
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က GE ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် နေအိမ်လိုင်းခန်းမှာ သြဂုတ်လ ၂ဝ ရက်နေ့က လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကတော့ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
2018-08-20
အခြေခံနှင့်အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီက တာဝန်ယူကျင်းပတဲ့ အခြေခံပညာရေး ဥပဒေ(မူကြမ်း) သုံးသပ်ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ်၊ ဆရာများသမဂ္ဂရုံးခန်းမှာ သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-08-20
ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် သြဂုတ်လအတွင်း ARSA အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ လုံခြုံရေး အမြဲမပြတ် သတိရှိစေဖို့ ရည်ရွယ်ပြီး နှစ်ပတ်လည်နေ့ အခမ်းအနားကို ရခိုင်အမျိုးသားပါတီ ANP က ကျင်းပဖို့ စီစဉ်နေပါတယ်။
2018-08-20
ရှမ်းပြည်နယ် နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်က နန်းမိုဟွမ် ဆိုတဲ့ အမျိုးသမီးတယောက်ကို TNLA တအန်းလွတ်မြောက်ရေးတပ်မတော်က ဖမ်းထားတာဟာ သူတို့ဒေသရဲ့ ဥပဒေတခုကို ချိုးဖောက်လို့ ဖြစ်ပြီး၊ သူ့ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပြီး သူတို့ ဒေသရဲ့ တရားဥပဒေအရ အရေးယူမယ်လို့ TNLA အဖွဲ့ကပြောပါတယ်။