မဟာပညာကျော်စကားဝိုင်း ရက်ရွှေ့ဆိုင်းရတဲ့အကြောင်း မေးမြန်းချက်


2018.08.25

ရန်ကုန်မြို့ Melia ဟိုတယ်မှာ မနက်ဖြန် ကျင်းပမယ့် "ရခိုင်အရေး ဘယ်လိုအဖြေရှာမလဲ" ဆိုတဲ့ မဟာပညာကျော်စကားဝိုင်းကို ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တားမြစ်တဲ့အတွက် စကားဝိုင်းကို ရက်ရွှေ့လိုက်ရပါတယ်။

မနက်ဖြန်ကျင်းပမယ့် စကားဝိုင်းအတွက် နှစ်ပတ်ကြိုတင်ပြီး ပွဲခွင့်ပြုချက်တင်ဖို့ ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပြောတယ်လို့ Thazin Community Development Institute က ပွဲစီစဉ်သူ ဦးအောင်သန်းက ပြောပါတယ်။

ဦးအောင်သန်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။