အင်းလေးကန်မှာ Myanmar Naing group ကုမ္ပဏီ ဟိုတယ်ဆောက်မယ့်ကိစ္စ မေးမြန်းချက်(၂)
2018.08.25
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အင်းလေးကန်မှာ Myanmar Naing group ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်ဖို့ တင်ပြထားတဲ့ မြေဧက ၉ဝ ဟာ အင်းလေးကန်ထဲကို နှုန်းမြေတွေမဝင်အောင် ကာထားပေးတဲ့ နှုန်းမြေစစ်တဲ့နေရာဖြစ်ပြီး ဟိုတယ်ဆောက်မယ်ဆိုရင် အင်းလေးကန် ပျက်စီးဖို့ရှိတယ်ဆိုပြီး ဒေသခံတွေက သဘောမတူဘဲ ကန့်ကွက်နေကြပါတယ်။
အင်းလေးကန်ဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။