အင်းလေးကန်ဘေးမဲ့တောဧရိယာ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် လျှောက်ထားမှုအကြောင်း မေးမြန်းချက်
2018.08.19
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အင်းလေးကန်ဘေးမဲ့တောဧရိယာထဲမှာ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် လျှောက်ထားသူတွေ ရှိနေပါတယ်။
အဲဒီလို လုပ်ပိုင်ခွင့်လျှောက်ထားလာတာတွေဟာ အင်းလေးကန် ထိန်းသိမ်းရေးအတွက် စိန်ခေါ်မှု ဖြစ်လာတယ်လို့ အင်းလေးကန် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောပါတယ်။
ဦးစိန်ထွန်းကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။