သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-25
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအပြီး ချမှတ်လိုက်တဲ့ ရှေလုပ်ငန်းစဉ်ထဲမှာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။
2018-06-25
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေမှာ ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီရုံးတွေ ဖွဲ့စည်းနိုင်ဖို့ မွန်ပြည်သစ်ပါတီက တင်ပြထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေပါတယ်။
2018-06-23
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မရဲစခန်းက အချုပ်သားတွေ ထွက်ပြေးကြတဲ့အတွက် တာဝန်ကျ ရဲဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားပါတယ်။
2018-06-22
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ရဲ့ နိုင်ငံလုံးဆိုင်ရာ အစည်း အဝေးနဲ့ ပညာရေးဆွေးနွေးပွဲကို ရန်ကုန်ခဝဲခြံ မျက်မမြင်ကျောင်းမှာ ၂ ရက်ကြာ ကျင်းပနေရာမှာ ဒီကနေ့ “ပုဂ္ဂလိက ပညာရေးကဏ္ဍ” ကိုဆွေးနွေးကြ ပါတယ်။
2018-06-22
နေပြည်တော်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ထောက်ကူပြုရုံးဖွင့်တာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်တယ်လို့ ပြောပါတယ်။ ဘာကြောင့်ကန့်ကွက်တာပါလဲ။ ကြံခိုင်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-06-22
မြန်မာနိုင်ငံက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးအရေးယူမယ့်အပေါ် မြန်မာအစိုးရအနေနဲ့ ဇူလိုင် ၂၇ ရက်နေ့ နောက်ဆုံးထား တုံ့ပြန်ဖြေရှင်းပေးဖို့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး ICC က တောင်းဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။
2018-06-21
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကို လာမယ့် ဇူလိုင်လ ၁ဝ ရက်နေ့ ဝန်းကျင်မှာ ကျင်းပနိုင်ဖွယ်ရှိပါတယ်။
2018-06-21
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သူတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်ဆိုပြီး လူသတ်မှု၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းကို မောင်တောမြို့နယ်နဲ့ ခရိုင်တရားရုံး တရားရှင်လွှတ်ပေးလိုက်ပါတယ်။
2018-06-21
၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးမှာ မြေပြိုမှုနဲ့ မြစ်ကမ်းပါးပြိုကျမှု အကြိမ် ၅၄၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။
2018-06-21
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အတော်များများမှာ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တုတွေထားရှိဖို့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေ ဦးဆောင်ပြီး စီစဉ်နေတဲ့အပေါ် တိုင်းရင်းသားဒေသတွေမှာ ကန့်ကွက်မှုတွေ ရှိနေပါတယ်။
2018-06-21
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်းနဲ့ ဒီဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့ အကူအညီပေးရေးအဖွဲ့တွေကို ခွင့်ပြုသင့်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကပြောပါတယ်။
2018-06-20
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်ဖို့ အမိန့်ချမှတ်ထားတဲ့အပေါ် ရန်ကုန်တိုင်း တရားလွှတ်တော်ကို လျှောက်လဲချက် တင်ထားတာကို မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။
2018-06-20
လယ်ယာမြေနဲ့ အခြားမြေများ သိမ်ဆည်းခံရမှုတွေကို စိစစ်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လမ်းညွှန်ချက် ၄ချက် ချမှတ်ပေးလိုက်ပါတယ်။
2018-06-19
မွန်ပြည်နယ် မော်လမြိုင်စက်မှုဇုန်မှာ စမ်းသပ် လည်ပတ်နေတဲ့ ခနောက်စိမ်း သန့်စင်စက်ရုံနှစ်ရုံက အနံ့ဆိုးတွေထွက်တဲ့အကြောင်း ဒေသခံတွေက အကြိမ်ကြိမ်တင်ပြလို့ လေထု တိုင်းတာရေးစက်နဲ့ သက်ဆိုင်ရာက တိုင်းတာတဲ့အခါ လေထု ညစ်ညမ်းနေတာတွေ့ရပေမယ့် ခုထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးတာ မရှိသေးပါဘူး။
2018-06-19
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေဟာ ကချင်ပြည်နယ်တွင်းက အကျဉ်းထောင်တွေ ရဲစခန်းအချုပ်ခန်းတွေနဲ့ ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးဖို့ ကချင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။