သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-13
ဖားကန့်ဒေသက ရေမဆေးသမားတွေရဲ့ ရပ်တည်ရေးအတွက် ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ဖို့၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် သက်ဆိုင်ရာ အဖဲ့ွအစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခြေအနေတွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
2017-11-13
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့ရက်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ လက်ရှိလုံခြုံရေး အခြေအနေတွေ၊ အကြမ်းဖက်မှု ထပ်မံဖြစ်ပွားလာနိုင်တဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး မောင်တော လွှတ်တော်အမတ် ဦးမောင်အုန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2017-11-12
ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးစွဲမှုကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သံဃာ ၃ပါးထဲက မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို ဒီနေ့နေလည်ပိုင်းမှာ ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး လူဝတ်လဲလိုက်ပါတယ်။
2017-11-12
ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်တဲ့ UWSA ၀ အဖွဲ့ဟာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မိုင်းလားအဖွဲ့ NDAA နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2017-11-12
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ကြား နိုဝင်ဘာ ၁ ရက်နေ့ကနေ ဒီကနေ့အထိ ၁၂ ရက်ကြာအောင် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
2017-11-12
ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ရဟန်းသာမဏေတွေ၊ သီလရှင်တွေ မကြွရောက်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ပြီး တားမြစ်သွားမယ်လို့ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမှာ မနေ့က ပြုလုပ်တဲ့ နိုင်ငံတော်သံဃာ့မဟာနာယက မဟန ဆရာတော် ၄၇ ပါး စုံညီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2017-11-12
နေရပ်စွန့်ခွာ ထွက်ပြေးနေသူတွေ အများအပြား ရှိနေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသက ပိုင်ရှင်မဲ့ စပါးခင်းတွေကို ရိတ်သိမ်းပြီး ပုဂ္ဂလိကကို ရောင်းချဖို့အတွက် ပြည်နယ်အစိုးရက မနေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
2017-11-11
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ လူ့အခွင့်အရေး အစည်းအဝေးတစ်ခုကို မြန်မာနိုင်ငံက လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင် တက်ရောက်နေပါတယ်။
2017-11-10
ဒီနှစ်ပွင့်လင်းရာသီရဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ကချင်ပြည်နယ်က လုံးခင်း-ဖားကန့်နဲ့ မော်လူး-မော်ဟန် ရတနာနယ်မြေ တွေမှာ ကုမ္ပဏီတွေက စတင်လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။
2017-11-09
ရခိုင်အရေးမှာ တရုတ်နိုင်ငံက မြန်မာဘက်က ဖေးဖေးမမရှိရတဲ့ အကြောင်းရင်းနဲ့ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမကြီး ဆက်စပ်နေပုံ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု မူဝါဒ၊ စတာတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇော ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-11-09
ရခိုင်ပြည်နယ်အတွင်း NVC နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ရာမှာ ၃ လအတွင်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သူ ၁၈ ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
2017-11-09
ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်ထဲမှာ တပ်မတော်သားတွေပါတဲ့ စက်လှေနဲ့ အရပ်သားတွေပါတဲ့ ကုန်တင်စက်လှေကို AA ရခိုင့်တပ်မတော်က ကုန်းပေါ်ကနေ ပစ်ခတ်ရာမှာ တပ်မတော်သားတချို့နဲ့ အရပ်သားတစ်ဦး သေဆုံးပြီး အရပ်သား ၃ ဦး ဒဏ်ရာရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2017-11-08
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲမှာ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံခဲ့ရသူ ၃၀ နီးပါးကို ပြန်လည်လက်ခံဖို့ အမေရိကန်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းထားပြီး မြန်မာအစိုးရ ဘက်ကလည်း ပြန်လည်လက်ခံရေးအတွက် စိစစ်ဆောင်ရွက်နေပါတယ်။
2017-11-08
ပြည်ထောင်စုအစိုးရက တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်ပေါင်းစုံကို ဖမ်းဆီးအရေးယူဖို့ ညွှန်ကြားထားပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို အသိပေးတဲ့အဆင့်ကနေ တဆင့်ပြီးတဆင့် ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ၊ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က မေးမြန်းထားပါတယ်။
2017-11-08
ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တယ်ဆိုပြီး အမှုပိတ်လိုက်တဲ့ မြန်မာနိုင်ငံသား အိမ်အကူ အမျိုးသမီး အလုပ်လုပ်ကိုင်ခဲ့တဲ့ နေအိမ်ကို မြန်မာသံရုံးကိုယ်စားလှယ်တွေ၊ ထိုင်းနိုင်ငံ အမျိုးသားမှုခင်းတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ CSD နဲ့ AAC မဟာမိတ်အဖွဲ့ဝင်တွေ မနေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။