သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-28
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား ၂ နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။
2017-11-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ဖို့ နိုဝင်ဘာလကုန်မှာ သွားရောက်မှာ ဖြစ်ပါတယ်။
2017-11-27
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အရပ်ဖက်အဖွဲ့တွေ၊ အနုပညာရှင်တွေ ပူးပေါင်းပြုလုပ်မယ့် လူထုငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်ကို ပထမဆုံးအနေနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
2017-11-27
အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီနဲ့ အထက်မြန်မာပြည် အလုပ်သမားကိုယ်စားလှယ်တွေဟာ အနည်းဆုံး လုပ်ခလစာ အဆိုပြုနှုန်းထားတစ်ခုရရှိဖို့ မန္တလေးမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
2017-11-27
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေသူတွေကို ပြန်လည်စိစစ်လက်ခံရာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်ကြောင့် ထွက်ပြေးသူတွေကို ဦးစွာလက်ခံသွားမယ်လို့ နိုဝင်ဘာလ ၂၃ ရက်နေ့က နှစ်နိုင်ငံကြား သဘောတူရေးထိုးခဲ့တဲ့စာချုပ်မှာ ထည့်သွင်းထားပါတယ်။
2017-11-24
နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေ အတိုင်း လိုက်နာဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2017-11-24
ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ပြည်ပကနေ ဦးဆောင်မှုပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်း တည်ထောင်သူ ပီနန်ဆရာတော် ဦပညာဝံသဟာ ဒီကနေ့မနက် ၅ နာရီကျော်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။
2017-11-24
ကချင်ပြည်နယ်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ အပါအဝင် စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်မိသားစုတွေရဲ့ ရှင်သန်ရပ်တည်ရေး၊ နေရပ်ပြန်နိုင်ရေး၊ ငြိမ်းချမ်းရေး စတာတွေနဲ့ ပတ်သက်လို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။
2017-11-24
မြန်မာ့စီးပွားရေးတိုးတက်ဖို့ အသေးစား၊ အလတ်စား လုပ်ငန်းတွေချေးငွေက အရေးပါနေပါတယ်။ ဒါကို SME Loan လို့ ခေါ်ပြီး၊ မြန်မာနိုင်ငံအတွက် နိုင်ငံတကာဘဏ်တွေက ထောက်ကူနေပေမယ့် ချေးငွေရတဲ့နှုန်းက အတော့်ကိုနည်းနေပါတယ်။
2017-11-23
ချင်းပြည်နယ် ပလက်ဝမြို့မှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအပြင် အဝတ်အထည်နဲ့ စောင်တွေပါ လိုအပ်နေတယ်လို့ ပလက်ဝမြို့နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။
2017-11-22
နိုဝင်ဘာလဆန်းပိုင်းကစပြီး ချင်းပြည်နယ် ပလက်ဝမြို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာ နိုဝင်ဘာ ၁၅ ရက်နေ့လောက်မှာ တိုက်ပွဲတွေ အရှိန်လျော့ သွားပေမယ့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပလက်ဝမှာ လည်း တိုက်ပွဲပြန်လည်ပြင်းထန်လာတယ်လို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောပါတယ်။
2017-11-22
လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုနဲ့ ပတ်သက်ပြီး အယူခံရုံးထံ တင်ပြထားရာ အပြီးသတ်အမိန့်ကို လာမယ့်နှစ် ဇန်နဝါရီလအတွင်း ချမှတ်သွားဖို့ရှိတယ်လို့ လိပ်ကျွန်းအမှု အထူးစုံစမ်းရေးကော်မတီအဖွဲ့ဝင် ဦးကျော်သောင်း ကပြောပါတယ်။
2017-11-22
ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးတွေကို နိုင်ငံတစ်ဝှမ်းက အသက် ၅ နှစ်ကနေ ၁၅ နှစ်အထိကလေးငယ်တွေကို နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ထိုးပေးနေရာ မနေ့ကအထိ ကလေးငယ် ၆ သန်းကျော်လောက်ကို ထိုးနှံပေးပြီး ဖြစ်ပါတယ်။
2017-11-20
ရှေ့သီတင်းပတ်စတင်တော့မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ မြန်မာနိုင်ငံခရီးစဉ် အသေးစိတ် အစီအစဉ်နဲ့ ပတ်သက်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဖာသာ စိုးနိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2017-11-20
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ အမေရိကန်လွှတ်တော်အမတ်တွေဟာ မောင်တောဒေသအရေးနဲ့ပတ်သက်ပြီး စစ်တွေအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စစ်တွေဟိုတယ်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။