အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် ချေးငွေအခက်အခဲ ဘယ်လို ဖြေရှင်းသင့်သလဲ
2017.11.24
မြန်မာ့စီးပွားရေးတိုးတက်ဖို့ အသေးစား၊ အလတ်စားလုပ်ငန်းတွေချေးငွေက အရေးပါနေပါတယ်။ ဒါကို SME Loan လို့ ခေါ်ပြီး၊ မြန်မာနိုင်ငံအတွက် နိုင်ငံတကာဘဏ်တွေက ထောက်ကူနေပေမယ့် ချေးငွေရတဲ့နှုန်းက အတော့်ကိုနည်းနေပါတယ်။ ဒီကိစ္စကို ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဆိပ်ကြီးခနောင်တို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ထွန်းနိုင်က ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးတင့်ထွန်းနိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။