အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် တိုက်ပွဲအကြောင်း မေးမြန်းချက်
2017.11.22
နိုဝင်ဘာလဆန်းပိုင်းကစပြီး ချင်းပြည်နယ် ပလက်ဝမြို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာ နိုဝင်ဘာ ၁၅ ရက်နေ့လောက်မှာ တိုက်ပွဲတွေ အရှိန်လျော့သွားပေမယ့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပလက်ဝမှာလည်း တိုက်ပွဲပြန်လည်ပြင်းထန်လာတယ်လို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ခိုင်သုခကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။