အင်ဒိုနီးရှားနဲ့အမေရိကန် ပူးပေါင်းဆောင်ရွက်ရင် မြန်မာ့အရေးအပြောင်းအလဲကောင်းတွေရှိလာနိုင်
2023.01.12
အင်ဒိုနီးရှားနိုင်ငံဟာ စစ်ကောင်စီကို ချိုးဖောက်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်းထုတ်အရေးယူနိုင်တဲ့အထိ ဆောင်ရွက်နိုင်တဲ့နိုင်ငံဖြစ်လို့ အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် တစ်နှစ်အတွင်း မြန်မာနိုင်ငံအတွက် အပြောင်းအလဲကောင်းတွေဖြစ်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ က ပြောပါတယ်။
ဒီလိုဖြစ်လာဖို့ မဟာဗျူဟာမှန်ဖို့ အရေးကြီးပြီး အင်ဒိုနီးရှားနဲ့အမေရိကန်ပူးပေါင်းဆောင်ရွက်ရေးက အဓိကကျတယ်လို့ သူကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် မြန်မာနိုင်ငံဘက်က တော်လှန်ရေးအင်အားစုတွေအနေနဲ့ အာဆီယံ၊ ဥရောပနဲ့ အမေရိကန်စတဲ့ နိုင်ငံတကာအဖွဲ့တွေနဲ့ ပြောဆိုရာမှာ တစ်သံတည်းထွက်ဖို့ ပိုအရေးကြီးလာတဲ့ အချိန်ကိုရောက်လာပြီလို့ သူကပြောပါတယ်။
အာဆီယံအနေနဲ့ သဘောတူညီချက်တွေကို မလိုက်နာတဲ့ စစ်ကောင်စီနဲ့ မဆွေးနွေးဘဲ လိုက်နာနိုင်မယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လို အဖွဲ့အစည်းနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့လိုတယ်လို့ ဝန်ကြီးဒေါက်တာဆာဆာက ပြောပါတယ်။
ဒေါက်တာဆာဆာကို “RFA နှင့်စကားပြောခြင်း" အစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။