လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် စစ်ခေါင်းဆောင်နဲ့တွေ့ဖို့ DKBA ကမ်းလှမ်း

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.01.23

ဇန်နဝါရီ ၂၁ ရက်နေ့ မနက် ၁ နာရီမှာ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းရွာမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ DKBA ဘက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ကမ်းလှမ်းထားပါတယ်။

DKBA အနေနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား ကြားနေအဖြစ်သာရပ်တည်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ကူညီတာမရှိဘူးလို့ (DKBA) ရဲ့ စစ်ရေးချုပ်ဗိုလ်မှူးကြီးစောစိန်ဝင်းက ပြောပါတယ်။

ဗိုလ်မှူးကြီးစောစိန်ဝင်းကို "RFA နှင့်စကားပြောခြင်း" အစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။