စွဲဆိုခံရတဲ့ အမှုအားလုံး ဒေါ်အောင်ဆန်းစုကြည် မကျူးလွန်ကြောင်း ထင်ရှားတယ်လို့ ရှေ့နေတွေသုံးသပ်

2021.11.29

အဖမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့အမှုတွေအတွက် ပထမဆုံး စီရင်ချက်ချတာကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကြုံရနိုင်ဖွယ်ရှိပြီး နောက်ထပ်အမှုတွေကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ စီရင်ချက်ချဖို့ စစ်ကောင်စီဘက်က စီစဉ်ထားပါတယ်။

အဲဒီအမှုတွေအားလုံးဟာ လုပ်ကြံစွဲဆိုချက်တွေသာဖြစ်ပြီး ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် မကျူးလွန်ဘူးဆိုတာ ဥပဒေကြောင်းအရ ထင်ရှားတယ်လို့ နော်ဝေနိုင်ငံမှာနေထိုင်တဲ့ ရှေ့နေကြီး ဦးမင်းလွင်ဦးက ပြောပါတယ်။ ဦးမင်းလွင်ဦးကို RFA ဝိုင်းတော်သူ မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။