မဲပေးခွင့်ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံသားလေးရာကျော် ရွှေလီမှာ အဖမ်းခံထားရ
နေရိန်ကျော်
2020.10.08
2020.10.08
ရွှေလီမြို့မှာ မဲပေးခွင့်ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက လူ ၄ဝဝ ကျော်ကို NLD ထောက်ခံဆန္ဒပြပွဲလှည့်လို့ တရုတ်အာဏာပိုင်တွေက ဖမ်းလိုက်ပါတယ်။ သူတို့ပြန်လွတ်ဖို့ ရှမ်းပြည်နယ်အစိုးရက ယူနန်ပြည်နယ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ကြိုးစားနေပါတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။