သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-30
နေပြည်တော် ပုဂ္ဂလိကကျောင်းက မူကြိုကျောင်းသူတစ်ယောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အမှုမှာ တရားခံအမြန်ဆုံးဖော်ပေးဖို့၊ အမှုမှန်ဖော်ပေးဖို့ လူမှုကွန်ရက်နေ တောင်းဆိုသူတွေ ရှိလာပါတယ်။ ဒီအမှုကိုလည်း ဖော်ထုတ်နိုင်ဖို့ ကြိုစားနေတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ သတင်းထုတ်ပြန်ပါတယ်။
2019-06-30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျောက်တန်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အဲဒီရွာနဲ့အနီးဝန်းကျင်ရွာတွေက ဒေသခံတွေ ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။
2019-06-30
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦးဟာ ဇွန် ၂၈ ရက်နေ့က သူတို့ရဲ့ တာဝန်ကနေ နုတ်ထွက်စာတင်လိုက်ကြပါတယ်။
2019-06-29
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက လယ်သမားတွေဟာ တိုက်ပွဲဖြစ်နေစဉ်ကာလအတွင်း တပ်မတော်က ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေလုပ်မှာကိုစိုးရိမ်လို့ လယ်ထွန်ဖို့တောင် အခက်အခဲဖြစ်နေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။
2019-06-29
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းကန့်ကွက်ပွဲတွေကို မြန်မာနိုင်ငံအနှံ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ပြုလုပ်သွားမှာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
2019-06-29
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဆင်သေရွာအနီးက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် နှစ်ထောင်ကျော် ရှိနေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအကူအညီတွေ လိုအပ်နေပါတယ်။
2019-06-29
ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို တစ်ပြည်လုံးအတိုင်းအတာနဲ့ ကန့်ကွက်ရှုတ်ချတာ တွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးလုပ်ဆောင်သွားမယ်လို့ ပါတီပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
2019-06-29
၂ဝ၁၉ ဇွန် ၂၉ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " လူမှုရေးမီဒီယာပေါ်က နှောင့်ယှက်၊ အရှက်ခွဲမှုများနှင့် တာဝန်ခံမှု " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-06-28
မြေယာသိမ်းဆည်းထားတာတွေကို မြန်မြန်ဆန်ဆန်ပြန်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဓနုဖြူမြို့နယ်က တောင်သူလယ်သမားတွေနဲ့တွေ့ဆုံပွဲမှာ တိုက်တွန်းလိုက်ပါတယ်။
2019-06-28
ရခိုင်ပြည်နယ်ကဆက်တိုက်ဖြစ်နေတဲ့တိုက်ပွဲတွေအတွင်းဖိနှိပ်ခံရမှုတွေကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ တပ်မတော်အပေါ် မုန်းတီမှုတွေပိုပြီးဖြစ်လာတယ်လို့ ရခိုင်နိုင်ငံရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2019-06-28
ရခိုင်ပြည်နယ်မှာ အခုလိုအင်တာနက်ဖြတ်တောက်မှုတွေရှိနေတဲ့အချိန်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်း ရေးတွေလုပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က RFA ကို ပြောပါတယ်။
2019-06-28
မြန်မာနိုင်ငံမှာ အခုရက်ပိုင်းတွေအတွင်း ရွှေဈေးတွေ စံချိန်တင်အောင် တက်နေတဲ့ အခြေအနေကြောင့် ရွှေဝယ်သူတွေနဲ့ ရွှေလုပ်ငန်းတွေအပြင် တခြားစီးပွားရေးနယ်ပယ်တွေမှာ ဘယ်လိုရိုက်ခတ်မှုတွေ ရှိနေပါသလဲ။
2019-06-28
H1N1 ရာသီတုပ်ကွေးရောဂါ မြန်မာနိုင်ငံမှာဖြစ်ပွားနေလို့ လူသေဆုံးမှုတွေဖြစ်နေတာ ၁၀ ယောက်နီးပါး ရှိနေပါပြီ။ ဒီရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က အသိပေးမှုတွေ ရှိတယ်ဆိုပေမယ့် ပြည်သူတွေကြားကို ပျံ့နှံ့မှုတွေ ထိထိရောက်ရောက် ရှိမနေပါဘူး။
2019-06-28
စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက မြို့နယ် ၉ ခုမှာ အစိုးရရဲ့ အင်တာနက်ဖြတ်တောက်မှုဟာ သတင်းအမှောင်ချတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ကြပါတယ်။
2019-06-28
မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ ငွေကြေးခဝါချမှုတွေထဲမှာ သစ်၊ ကျောက်စိမ်းတရားမဝင်ခိုးထုတ်တာ၊ အဂတိ လိုက်စားမှုတွေက ရတဲ့ငွေ၊ အခွန်ရှောင်လွှဲမှုတွေ အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာမှုခင်းတွေ တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းသိန်းက ပြောကြားလိုက်ပါတယ်။