ရခိုင်အကြပ်အတည်း ကုလအထူးကိုယ်စားလှယ်နဲ့မေးမြန်းချက်
2019.06.28
ရခိုင်ပြည်နယ်မှာ အခုလိုအင်တာနက်ဖြတ်တောက်မှုတွေရှိနေတဲ့အချိန်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်း ရေးတွေလုပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က RFA ကို ပြောပါတယ်။
မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ မစ္စယန်ဟီးလီ က ပြောပေမယ့်လည်း မြန်မာစစ်တပ် ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ - နယ်မြေရှင်းလင်းရေးတွေ မရှိဘူး။ ပုံမှန် လုံခြုံရေး ဆောင်ရွက်မှုတွေပဲ ရှိတယ်လို့ RFA ကို ပြောပါတယ်။
RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် က Skype ကတဆင့် မစ္စယန်ဟီးလီကို ဆက်သွယ်မေးမြန်းထားပါတယ်။