သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-01
စစ်ကိုင်းမြို့ Myanmar Veneer သစ်စက်ရုံက နေပြည်တော်အထိ ချီတက်ကြမယ့် အလုပ်သမားတွေနဲ့ နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတွေက ဒီနေ့ အလုပ်သမားတွေ ရောက်နေတဲ့ စဉ့်ကိုင်မြို့မှာ တွေ့ဆုံပြီး သပိတ်စစ်ကြောင်းကို ရပ်နားဖို့ ပြောကြားခဲ့ပါတယ်။
2016-04-30
ရခိုင်ပြည်နယ်အစိုးရရဲ့ ရက်ပေါင်း ၁ဝဝ စီမံချက်အတွင်း လမ်းတံတား ဆောက်လုပ်ရေးနဲ့ ရေပေးဝေရေးလုပ်ငန်းတွေအတွက် ငွေကျပ်သန်းပေါင်း တစ်ထောင်ကျော် အသုံးပြုသွားမယ်လို့ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝေ က ပြောပါတယ်။
2016-04-30
မြန်မာနိုင်ငံမှာ ၂၁ ရာစု ပင်လုံညီလာခံကို တစ်လနှစ်လအတွင်း ကျင်းပနိုင်ဖို့ ကူညီကြိုးစားကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်၊ တရားလွှတ်တော် ရှေ့နေ ဦးစန်းမောင်နဲ့ မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ဟောင်း ဒေါက်တာ တင့်ဆွေတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြ ထားပါတယ်။
2016-04-30
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နစ်နာနေ ရတဲ့ကိစ္စ အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းဆောင် ရွက်ရေး နိုင်ငံတကာက ဝိုင်းဝန်းတိုက်တွန်းပေးဖို့ အမေရိ ကန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားတွေက နယူးယောက်မြို့ က ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဧပြီ ၃ဝ ရက် မနေ့က ဆန္ဒပြ ခဲ့ကြပါတယ်။
2016-04-30
ထိုင်းနိုင်ငံ ရနောင်းမြို့က SIFCO အအေး ခန်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာအလုပ်သမား ၁၄ ယောက်ဟာ ဒီနေ့ စက်ရုံသွားဖို့ ကားစောင့်နေစဉ် ကားတိုက်ခံရပြီး ၄ ဦး သေဆုံးခဲ့ပါတယ်။
2016-04-30
ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ စီမံချက်အတွင်းမှာ ပေါက်တော ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံစတဲ့ မြို့ နယ်ပေါင်း ၁၃ မြို့နယ် မှာ ငွေကျပ်သန်းပေါင်း ၉၀ ကျော် အသုံးပြုပြီး ရေတွင်း၊ ရေကန်တွေနဲ့ သောက်သုံးရေ ရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
2016-04-30
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တချို့ ဖား ကန့်ကျောက်စိမ်းတွင်းဒေသမှာ ကွင်းဆင်းစစ်ဆေးနေတဲ့ အတွက် ကျောက်မျက်ကုမ္ပဏီတွေက စက်ယန္တရားတွေ နဲ့ ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုတွေကို ယာယီရပ်နား ထားတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။
2016-04-30
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့ ဖါးလင်ပိုးကျောင်းတိုက်မှာ ရောက်ရှိနေတဲ့ စစ်ကိုင်းမြို့က Myanmar Veneer အလုပ်သမားသပိတ်စစ်ကြောင်းက အလုပ်သမားတွေ ကို နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတွေက သပိတ်ရပ်နားဖို့ပြောကြားခဲ့ပေမယ့် အလုပ်သမားတွေက လက်မခံဘဲ ဆက်လက်ချီတက်ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-04-30
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အင်းလေးကန်စပ်မှာ Naing Group ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်နေတာကို ဒေသခံ ၃ဝ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2016-04-30
'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA/UWSP ခေါင်းဆောင်တွေနဲ့ NLD ပါတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်တချို့ တရုတ် မြန်မာနယ်စပ်က ပန်ဆန်းမြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။
2016-04-30
စစ်တွေကလှေမှောက်တဲ့ကိစ္စ အမေရိကန်သံရုံးရဲ့ကြေညာချက်မှာ ရိုဟင်ဂျာလို့သုံးနှုန်းခဲ့တာကို နိုင်ငံတော် အစိုးရအနေနဲ့ သဘောထားကို အသိပေးထုတ်ပြန် ဖို့ တောင်းဆိုမှုတွေရှိလာနေတာနဲ့ပါတ်သက်ပြီး NLD နာယက သူရဦးတင်ဦးကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-04-30
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက်ကို ဧပြီ ၂၉ ရက်နေ့စွဲနဲ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။
2016-04-30
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အစိုးရအဖွဲ့ရဲ့ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်သွားမယ့် စီမံကိန်းတွေအကြောင်း ဝန်ကြီးချုပ် ဦးညီပု နဲ့ တာဝန်ရှိသူတွေက ရှင်းလင်းခဲ့ပါတယ်။
2016-04-30
စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန်က Myanmar Veneer သစ်အချောထည်စက်ရုံရှေ့မှာ အလုပ်ပြန် လည်ခန့်ထားပေးဖို့ ထိုင်သပိတ် ဆန္ဒပြနေတဲ့ စက်ရုံလုပ်သား ၁၀၀ ကျော်ဟာ နေပြည်တော် သမ္မတရုံးဝန်ကြီးဌာနရှေ့အထိ လမ်းလျှောက် ချီတက် ဆန္ဒပြနေကြမှာဖြစ်ပြီး ဒီကနေ့ စစ်ကိုင်း မြို့ကနေ စတင်ထွက်ခွာကြပါတယ်။
2016-04-30
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်း မင်းဘူးမြို့နယ်တွင်းက ကျေးရွာတစ်ချို့ဟာ ရွာလုံး ကျွတ် နီးပါးပြောင်းရွှေ့နေရပါတယ်။