အလုပ်သမားတွေ နေပြည်တော်ကို ဆက်လက်ချီတက်မယ်
2016.05.01
စစ်ကိုင်းမြို့ Myanmar Veneer သစ်စက်ရုံက နေပြည်တော်အထိ ချီတက်ကြမယ့် အလုပ်သမားတွေနဲ့ နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတွေက ဒီနေ့ အလုပ်သမားတွေ ရောက်နေတဲ့ စဉ့်ကိုင်မြို့မှာ တွေ့ဆုံပြီး သပိတ်စစ်ကြောင်းကို ရပ်နားဖို့ ပြောကြားခဲ့ပါတယ်။
ဆန္ဒပြအလုပ်သမားတွေက ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမှာ ဖြစ်ပေမယ့် နေပြည်တော်အထိ ဆက်လက် ချီတက်ပြီး တောင်းဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အလုပ်သမားတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။