သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-31
မန္တလေးတိုင်းအစိုးရ၊ လွှတ်တော် နဲ့ NLD ပါတီခေါင်းဆောင်တွေ တေ့ွဆုံပွဲကို မန္တလေးမြို့မှာ ဒီနေ့ ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင်တွေက ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို သတိပေးတိုက်တွန်းတာတွေ ရှိခဲ့ပါတယ်။
2019-03-31
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေသစ်ကို ပြန်လည်ရေးဆွဲပြီးနောက် ဒီနေ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ စည်ပင်ရွေးကောက်ပွဲမှာ မဲလာပေးသူ နည်းတဲ့အခြေအနေ ရှိနေသလို မဲစာရင်းထဲ မပါသူတချို့ကို မဲပေးခွင့်ပြုခဲ့တာကြောင့် ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။
2019-03-31
ပါတီအပေါ် သစ္စာမဖောက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ၂ ဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပါတီကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေကို ဒီနေ့ သတိပေး လိုက်ပါတယ်။
2019-03-31
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဟူတောင်ပေါ်မှာ မနေ့က တောမီးလောင်မှုကြောင့် အသက်နှစ်ဆယ်ကျော်အရွယ် ရွာသား ၃ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
2019-03-31
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ်က တာချီလိတ်မြို့မှာ မီးခိုးတွေ တစ်မြို့လုံး အုံ့ဆိုင်းနေတာကြောင့် ဒေသခံတွေ မျက်စိစပ်တဲ့ ဝေဒနာခံစားနေရတယ်လို့ ပြောကြပါတယ်။
2019-03-31
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေသစ်နဲ့ ပထမဆုံးအကြိမ် ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူနည်းတာ၊ မဲစာရင်းထဲမပါသူတချို့ကို မဲပေးခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။
2019-03-31
အစိုးရတပ်နဲ့ AA ရခိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ မြောက်ဦးအပါအဝင် မင်းပြားနဲ့ ကျောက်တော်မြို့နယ်တို့ကို ခရီးသွားလာဖို့ မသင့်တဲ့ ဒေသ အဆင့် ၄ အဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန် ထားပါတယ်။
2019-03-31
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ရွာထဲကို မတ်လ ၃၀ ရက်နေ့ မနေ့ကတည်းက လက်နက်ကြီး ကျည်တွေကျရောက်တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က RFA ကို ပြောပါတယ်။
2019-03-31
ရန်ကုန်မြို့မှာ စည်ပင်ရွေးကောက်ပွဲကျင်းပနေတဲ့ ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်က အ.မ.က (၁၃) မဲရုံမှာ မဲရုံမှူးတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်ဆရာမတစ်ဦး ဒီနေ့မနက်က ရုတ်တရက်သေ ဆုံးသွားတယ်လို့ သိရပါတယ်။
2019-03-31
ပညာရှင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အပါအဝင် ပြည်သူလူထုတရပ်လုံးက ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို အစိုးရက ပြန်စတင်မှာကို စိုးရိမ်နေကြပါတယ်။ ပြည်သူလူထုက လက်မခံဘူးဆိုတဲ့ အကြောင်းပြချက်ထက်ကောင်းတဲ့ အခြား အကြောင်းပြချက် မရှိသလို လူထုတွေရဲ့ဆန္ဒကို ဦးစားပေးတဲ့ ခေါင်းဆောင်ကောင်းအနေနဲ့ မြင်တွေ့လိုတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က RFA ကို ပြောပါတယ်။
2019-03-30
ရှမ်းပြည်နယ် နမ္မတူ - သီပေါလမ်းပိုင်းက မန်လီကျေးရွာမှာ ဒီကနေ့မနက်က တောင်ယာလုပ်ဖို့သွားတဲ့ ရွာသားတွေ မိုင်းနင်းမိလို့ လေးတန်းကျောင်းသူတစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး အမျိုးသမီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
2019-03-30
မြန်မာနိုင်ငံက တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံအတွင်းမှာ တားဆီးနှိမ်နင်းနေတာကြောင့် တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး ကျဆင်းနေပါတယ်။
2019-03-30
ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကရရှိလာတဲ့ သဘောထား စုစည်းချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအဝင် ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဖက်များအဖွဲ့က ဦးဆောင်ကာ ရန်ကုန်မြို့မှာရှိတဲ့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2019-03-30
ပညာရှင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အပါအဝင် ပြည်သူတစ်ရပ်လုံးက ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို အစိုးရက ပြန်စတင်မှာကို စိုးရိမ်နေကြပါတယ်။
2019-03-30
၂ဝ၁၉ မတ်လ ၃၀ ရက်နေ့ စနေစကားဝိုင်း အစီအစဉ်မှာ " ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေးအလားအလာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။