သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-31
မတ်လ ၃၁ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "နိုင်ငံတော်သမ္မတ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အပြောင်းအလဲနဲ့ မျက်မှောက်နိုင်ငံရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေမယ့်သူတွေက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော် တို့ဖြစ်ပါတယ်။
2018-03-31
လက်ပံတောင်းတောင်စီမံကိန်းအနီး ဝက်မှေးကျေးရွာက နေအိမ် ၇ လုံး ပြောင်းရွှေ့ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအကြား မတ်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်ပြီး မတ်လ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-03-31
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ် လက်ခံရရှိထားတဲ့ တိုင်ကြားစာပေါင်း ၂ဝဝဝ ကျော်ထဲမှာ ကော်မရှင်ဥပဒေနဲ့ အရေးယူလို့ရတဲ့ တိုင်ကြားစာ ၁၅ စောင် ရှိတယ်လို့ ကော်မရှင်ရုံးမှာ မတ်လ ၃၁ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
2018-03-31
ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ သွားရာကနေ မနေ့က ကားမီးလောင်ပြီး သေဆုံးခဲ့တဲ့ မြန်မာအလုပ် သမားတွေရဲ့ ရုပ်အလောင်းတွေကို မျိုးရိုးဗီဇ DNA စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဘန်ကောက် မြို့ မြန်မာသံရုံးက အလုပ်သမား သံအရာရှိတစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-03-31
ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် ရန်ကုန်မြို့သစ်ဖံ့ွဖြိုးရေး ကုမ္ပဏီလီမိတက် NYDC ကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2018-03-31
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာမှာ ခိုးမှုနဲ့ဆက်စပ်ပြီး မသင်္ကာသူနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်စစ်ဆေးခဲ့တဲ့ ကျေးရွာရဲစခန်းမှူးနဲ့အဖွဲ့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သွားရောက်စစ်ဆေးနေပါတယ်။
2018-03-31
လက်ပံတောင်းတောင် စီမံကိန်းအနီး ဝက်မှေးကျေးရွာက နေအိမ် ၇ လုံး ပြောင်းရွှေ့ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအကြား မတ်လ ၂၉ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံတောင်သူ ၃ ဦးကို ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။
2018-03-31
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ် လက်ခံရရှိထားတဲ့ တိုင်ကြား စာပေါင်း နှစ်ထောင်ကျော်ထဲမှာ ကော်မရှင်ဥပဒေနဲ့ ကိုက်ညီတဲ့ တိုင်ကြားစာ ၁၅ စောင် ကို စစ်ဆေးအရေးယူမယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
2018-03-31
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2018-03-31
နိုင်ငံတော် သမ္မတသစ် ဦးဝင်းမြင့်ဟာ မတ်လ ၃ဝ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး ပထမဆုံးအကြိမ် တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2018-03-31
ဒုတိယသမ္မတ ဦးဝင်းမြင့်ကို နိုင်ငံတော် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က မဲပေးရွေးချယ်လိုက်တဲ့ ၂ဝ၁၈ မတ်လ ၂၈ ရက်နေ့မှာပဲ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး အမှုကို နောက်တစ်ကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်
2018-03-31
NLD ပါတီ အာဏာရလာတာ ခုဆို ၂ နှစ် တင်းတင်း ပြည့်ပါပြီ။ NLD ပါတီ ပြတ်ပြတ်သားသား အနိုင်ရဖို့ မြန်မာနိုင်ငံသားတွေ ပုံအောမဲပေးခဲ့ ကြပါတယ်။
2018-03-31
မတ်လ ၂၈ ရက်နေ့က သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဦးဝင်းမြင့်ဟာ သာမာန်ပြည်သူလူထုကြားက မွေးဖွားလာပြီး ပြည်သူနဲ့ တသားတည်းရှိခဲ့သူဖြစ်တာကြောင့် အခြေခံလူထုရဲ့အရေးကို အလေးပေး ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ အလုပ်သမား၊ လယ်သမားလူတန်းစား ပြည်သူတွေက မျှော်လင့်နေကြပါတယ်။
2018-03-31
ထိုင်းနိုင်ငံမှာ MOU နဲ့ တရားဝင် အလုပ်လုပ်ကိုင်ဖို့ အတွက် သွားရောက်ကြတဲ့ မြန်မာအလုပ်သမားတွေ ရဲ့ ကားတစ်စီးဟာ ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မနက်အစောပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ မီးလောင်ကျွမ်းခဲ့ပြီး မြန်မာအလုပ်သမား ၂၁ ဦး မီးလောင်သေဆုံးခဲ့ရပါတယ်။
2018-03-31
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP နဲ့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာအေဂျင်စီ UNHCR တို့ကို မြန်မာအစိုးရက ပါဝင်ခွင့်ပြုလိုက်ပါတယ်။