မြန်မာအလုပ်သမားတွေ ကားမီးလောင်မှုကြောင့် သေဆုံး
2018.03.31
ထိုင်းနိုင်ငံမှာ MOU နဲ့ တရားဝင် အလုပ်လုပ်ကိုင်ဖို့အတွက် သွားရောက်ကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ ကားတစ်စီးဟာ ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မနက်အစောပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ မီးလောင်ကျွမ်းခဲ့ပြီး မြန်မာအလုပ်သမား ၂၁ ဦး မီးလောင်သေဆုံးခဲ့ရပါတယ်။
ကားပေါ်မှာ မြန်မာအလုပ်သမား ၄၇ ဦး လိုက်ပါလာကြတာဖြစ်ပြီး ဒဏ်ရာရတဲ့သူတွေကတော့ တာ့ခ်ခရိုင်က ဆေးရုံကြီးမှာ ဆေးကုသခံယူနေတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AACအဖွဲ့ တာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။
AAC အဖွဲ့က ဦးရဲမင်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။