သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-01
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ သတင်းတွေထဲက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထူးခြားတဲ့ ပြောကြားချက်တွေကို မှတ်သားစရာ စကားတွေအဖြစ် ဦးကျော်မင်းထွန်းက စုစည်းထား တင်ပြထားပါတယ်။
2019-02-28
ဒီတပတ်အစီအစဉ်မှာ… ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း… စတဲ့ဒေသတွေက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-02-28
■ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နမ္မတူလမ်းပိုင်းပေါ်က မန်လီရွာအနီးမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက RCSS နဲ့ SSPP-TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားတဲ့အတွက် မန်လီရွာသား သုံးရာဝန်းကျင် သီပေါမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2019-02-28
သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို သက်တမ်းတိုးဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ သဘောထား ရယူရာမှာ ကိုယ်စားလှယ်အများစုက ကန့်ကွက်မဲပေးခဲ့ကြပါတယ်။
2019-02-28
မန္တလေးမြို့က ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တပ်မတော်က တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့စတင်စစ်ဆေးပါတယ်။
2019-02-28
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းနဲ့ပန်းနီလာကျေးရွာနှစ်ရွာကြားမှာ ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားနှစ်စီး မနေ့က တိုက်ခိုက်ခံခဲ့ရလို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
2019-02-28
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က မေးမြန်းဖို့ရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။
2019-02-28
သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို မတ်လ ၁ ရက်နေ့ကစပြီး ရုပ်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2019-02-28
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်အရေးတွေမှာ တရုတ်နိုင်ငံက ဆက်လက် ကူညီပံ့ပိုးနိုင်မယ့်ကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2019-02-28
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ဖို့အတွက် တပ်မတော်က နိုင်ငံရေးမှာပါဝင်နေတာကို လျှော့ချမယ်ဆိုရင် အချိန်အကန့်အသတ် အတိအကျဖော်ပြပေးစေလိုတယ်လို့ UNA စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းက မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2019-02-28
ရိုက်နှက်ခံခဲ့ရတာကြောင့် စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က ဆယ်တန်း ကျောင်းသား မောင်ဇော်နိုင်နိုင်ဌေးရဲ့ ကျန်းမာရေးအခြေအနေတွေ တိုးတက်မလာတဲ့အတွက် ဒီနေ့မနက်က ရန်ကုန်ကို ပို့ဆောင်လိုက်ရတယ်လို့ သူ့ရဲ့မိသားစုက RFA ကိုပြောပါတယ်။
2019-02-27
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်ပုန်းတန်းကျေးရွာမှာ ဒီနေ့ညနေပိုင်းက လက်နက်ကြီးကျည် တစ်လုံး ပေါက်ကွဲတဲ့အတွက် ဦးမောင်ဦးထွန်းနဲ့ ဒေါ်မဆန်းဝင်း ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ပါတယ်။
2019-02-27
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင့်တပ်မတော် AA အဖွဲ့ဟာ တပ်မတော်သားယောင်ဆောင်ပြီး ဒေသခံရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေတဲ့အတွက် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေရှိရင် ရဲစခန်းတွေနဲ့ တိုင်းစစ်ဌာနချုပ်ကို တိုင်ကြားကြဖို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
2019-02-27
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စကခ (၁၅) နယ်မြေခံတပ်နယ်ထဲက နေအိမ်လိုင်းခန်းမှာ မနေ့က ဗုံးပေါက်ကွဲမှုဟာ AA ရက္ခိုင့်တပ်မတော်ရဲ့လက်ချက်ဖြစ်တယ်လို့ တပ်မတော်ဘက်က အတိအလင်းစွပ်စွဲ လိုက်ပေမယ့် AA ဘက်ကတော့ ငြင်းဆိုထားပါတယ်။
2019-02-27
တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးတဲ့ ကုမ္ပဏီလို့ ရေးသားခဲ့တဲ့အတွက် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက်နှစ်ဦးကို ကိုယ်ထိလက်ရောက် ခေါ်ယူခြိမ်းခြောက် ပြောဆိုခဲ့တဲ့ သခင်စစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဒိန်ဆောင်အပါအဝင် ခြောက်ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မငါးခုနဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီလို့ သိရပါတယ်။