သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-31
မြန်မာ့ကမ်းရိုးတန်းမှာ ရှားပါးလိပ်မျိုးစိတ်တွေရှိနေပေမယ့် မျိုးပြုန်းမယ့် အန္တရာယ်ရှိနေပါတယ်၊ လိပ်ထိန်းသိမ်းရေးစခန်းမှာတင် လိပ်ခိုးသူတွေကတူးလို့ စခန်းအဖွဲ့ဝင်တွေက လိမ်မျိုးမပျောက်အောင် ဆောင်ရွက်နေပေမယ့် အကြောင်းကြောင်းတွေကြောင့် ကမ္ဘာမှာ ပင်လယ်လိပ်ကောင်ရေ လျော့ပါးလာနေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-10-31
ရက်ပေါင်း ၇၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့တဲ့ ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာ လုပ်ငန်းခွင် ပြန်ဝင်ဖို့အတွက် အလုပ်ရှင်နဲ့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
2018-10-31
ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး အူးလက်တိုနေစ် (Ulla Tornaes) ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကူညီရေးအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အကြီးအကဲနဲ့အတူ ဒီရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
2018-10-31
ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး Cardinal Charles Maung Bo ကာဒီနယ်လ် ချားလ် မောင်ဘိုက မြန်မာနိုင်ငံကို ဥရောပနိုင်ငံများအဖွဲ့က ကုန်သွယ်ရေးအရ ပိတ်ဆို့အရေးယူမယ် ဆိုရင် ဆင်းရဲသားအလုပ်သမားတွေပဲ ဒုက္ခရောက်မှာဖြစ်လို့ ဆန့်ကျင်ကန့်ကွက်ကြောင်း မနေ့က မိန့်ကြားလိုက်ပါတယ်။
2018-10-31
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မှာ လုံခြုံစိတ်ချစွာ ပြန်ပြီး နေရာချထားပေးနိုင်မယ်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရထံက မျှော်လင့်နေတာဟာ လက်တွေ့မကျဘူးလို့ မွတ်စလင်ရေးရာဌာန ညွန်ကြားရေးမှူးက ပြောဆိုကြောင်း အီရန်က သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
2018-10-31
မန္တလေးမြို့အခြေစိုက် စာရေးဆရာတွေ၊ ရှေ့နေတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ “ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍ” မန္တလေးလူထုစကားဝိုင်းကို မန္တလေး ဘူတာကြီးအပေါ်ထပ်မှာရှိတဲ့ Hotel Marvel မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
2018-10-31
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူလမ်းပေါ်က အီနိုင်းကျေးရွာနဲ့မန်မိုင်ကျေးရွာအထွက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲ ဖြစ်ပွားတဲ့အတွက် အီနိုင်းကျေးရွာမှာ လာရောက်ခိုလှုံနေတဲ့ ဒုက္ခသည်တွေအပါအဝင် အီနိုင်းရွာသားတွေ စုစုပေါင်း တစ်ထောင့်လေးရာဝန်းကျင်လောက် လားရှိုးမြို့ပေါ်ကို ထပ်မံရွှေ့ပြောင်း တိမ်းရှောင်နေရပါတယ်။
2018-10-31
မြောက်ပိုင်းဒေသမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လက်တွေ့ကျကျ လျှော့ချနိုင်ရေးနဲ့ နောက်ပိုင်းဆွေးနွေးပွဲတွေမှာ KIA အပါအဝင် လေးဖွဲ့လုံးနဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ TNLA ၊ AA ကိုးကန့်အဖွဲ့တို့ ဒီနေ့ တရုတ်နိုင်ငံ ကူမင်းမြို့ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီချက်ရခဲ့ပါတယ်။
2018-10-31
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး GSP ပြန်ရုပ်သိမ်းဖို့ အချက်အလက်တွေ စုဆောင်းရေးအတွက် အောက်တိုဘာလ ၂၈ ရက်နေ့က ရောက်ရှိလာတဲ့ EU ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2018-10-31
ရက်ပေါင်း ၇ဝ ကျော် သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့တဲ့ ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမား တရာကျော်ဟာ လာမယ့်စက်တင်ဘာလ ၆ ရက်နေ့မှာ လုပ်ငန်းခွင်ပြန်ဝင်ဖို့အတွက် အလုပ်ရှင်နဲ့ သဘောတူညီချက် ရရှိသွားပြီ ဖြစ်ပါတယ်။
2018-10-31
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေက သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှသာ နေရပ်ပြန်နိုင်မှာဖြစ်ကြောင်းနဲ့၊ သူတို့ ဘေးကင်းလုံခြုံရေးအတွက် အာမခံပေးဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်ကြပါတယ်။
2018-10-31
မန္တလေးတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး တစ်ဦးနဲ့ ဌာနခွဲစာရေးတစ်ဦးကို ငွေကျပ် ၁ဝ သန်းကျော် အလွဲသုံးစားမှုအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ စီစဉ်နေပါတယ်။
2018-10-31
ဖုယွင်အထည်ချုပ်စက်ရုံက သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာ အလုပ်ပြန်ဆင်းဖို့အတွက် သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။
2018-10-31
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ Great Well ဖိနပ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေ အရေး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ ချိန်းဆိုထားရာမှာ အလုပ်ရှင်ဘက်က ပျက်ကွက်ခဲ့ပါတယ်။
2018-10-31
ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ လုံခြုံရေးအတွက် မြန်မာငွေကျပ် သန်းပေါင်း ၁၂၀၀ လောက် အသုံးပြုပြီး စောင့်ကြည့်ကင်မရာတွေကို နေရာအနှံ့မှာ တပ်ဆင်သွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ပြောပါတယ်။