သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-26
ပြည်သူတွေ ခွင့်မလွှတ်နိုင်တဲ့ အမှားမျိုးနဲ့ မမှားသင့်တဲ့ အမှားမျိုးလုပ်မိတဲ့ စစ်ကိုင်း တိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ထိထိရောက်ရောက် အရေးယူသွား မယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် က ကတိပေးပြောကြားခဲ့ပါတယ်။
2017-03-26
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ မနေ့ကတိုက်ခိုက်ခဲ့ တဲ့ လေပြင်းကြောင့် နေအိမ် ၁၄ လုံးလောက် ပြိုကျပျက်စီးပြီး အိမ်ခြေ ၁၀၀ လောက် အမိုးလန်သွားတယ်လို့ သိရပါတယ်။
2017-03-26
တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်သူတွေ ကို မြန်မာနိုင်ငံသားအဖြစ် လက်မ ခံနိုင်ကြောင်း ရဲရဲဝံ့ဝံ့ မပြောနိုင်တဲ့ တိုင်းပြည်အုပ်ချုပ် သူတွေကြောင့် အချုပ်အခြာအာဏာ ထိပါးခံနေရတယ် လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး က ပြောပါတယ်။
2017-03-26
" ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုနဲ့ နိုင်ငံရပ်ခြား အလုပ်အကိုင်တွေ အကြောင်း " ဆိုတဲ့ ခေါင်း စဉ်အောက်မှာ မသက်သက်အောင် (အလုပ်သ မားရေးရာတာဝန်ခံ - ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ကိုအေးချမ်းမောင်မောင် (အထည်ချုပ်အလုပ်သမား - မင်္ဂလာဒုံ စက်မှုဇုန်) နဲ့ ကိုသက်ခိုင် (ကိုရီးယားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသူ (ဖုန်းဖြင့်ပါဝင်ဆွေးနွေးမည်) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-03-26
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်က မဲဆန္ဒရှင် ၄၄၀၀ ရှိတဲ့ ကွန်ကျောင်း၊ နောင်အက်နဲ့ မော်မေ့ ကျေးရွာ အုပ်စုတွေက မဲရုံတွေကို ဖျက်သိမ်းဖို့ NLD ပါတီက တင်ပြထားတဲ့ ကိစ္စကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။
2017-03-25
ပြည်ထောင်စုရဲ့ အချုပ်အခြာ ရေ၊ မြေ ၊ တောတောင်၊ သယံဇာတ အားလုံးဟာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ခုခုက ပိုင်ဆိုင်တာ မဟုတ်ဘဲ တိုင်းရင်းသားပြည်သူ နိုင်ငံသားအားလုံးက ပိုင်ဆိုင်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။
2017-03-25
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း က ကျောက်သယ်ယာဉ်တွေကို ဖြတ်သန်းခွင့် မပြုသင့်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်က ဆုံးဖြတ်ထားပေမယ့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက် လက်ခွင့်ပြုထားတာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင် က ပြောပါတယ်။
2017-03-25
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် (၄) က Good Morning အမှတ် တံဆိပ် ပေါင်မုန့်နဲ့ ကိတ်မုန့်တွေ ထုတ်လုပ်တဲ့ Myanmar Mayson စက်ရုံမှာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အလုပ်ရပ် နားခံခဲ့ရတဲ့ အလုပ်သမား ၂၀၀ နီးပါးကို ပြန်လည်ခန့် အပ်ပေးဖို့ အလုပ်သမား ၅၀၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-03-25
မဲဆန္ဒရှင် ၄၄၀၀ ရှိတဲ့ ရှမ်းပြည်နယ် မိုင်းရှူး မြို့နယ်က ကျေးရွာအုပ်စု ၃ ခုက မဲရုံတွေကို ဖျက်သိမ်းပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက တင်ပြထားပေမယ့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က မဖျက်သိမ်းဖို့ ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။
2017-03-25
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာ ပါဝင်တဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ ရုံးထုတ်ခဲ့ပါတယ်။
2017-03-25
ဒီနှစ် ရန်ကုန်မြို့မှာကျင်းပမယ့် မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲတော်မှာ စီးပွားဖြစ် ရေကစားမဏ္ဍပ်တွေ ကို လုံးဝ ခွင့်ပြုမှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။
2017-03-25
ရှမ်းပြည်မြောက်ပိုင်းလားရှိုးခရိုင်က ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနဲ့ စေတနာရှင်တွေ၊ စာပေချစ်သူတွေ ပူးပေါင်းပြီး ကလေးစာပေပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲကို လားရှိုးမြို့တော်ခန်းမမှာ မတ်လ ၂၄ရက်နေ့က စတင် ကျင်းပနေပါတယ်။
2017-03-25
ကယားပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ "ပရဲ့ ကယော" လူမျိုးတွေနေထိုင်ရာ ကယောဒေသဟာ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ထိန်းချုပ်တဲ့ဒေသ ဖြစ်ပါတယ်။
2017-03-25
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါ တယ်။
2017-03-25
မြန်မာနိုင်ငံနဲ့ အနီးကပ်ဆက်ဆံမှုတွေ လုပ်ဖို့ အိန္ဒိယနိုင်ငံအနေနဲ့ လက်နက်များပိုမိုတင်ပို့ပြီး နီးစပ်မှုကို ရယူနေတယ်လို့ နယူးဒေလီ ကလာတဲ့သတင်းတွေမှာ ဖေါ်ပြ ပါတယ်။