မိုင်းရှူးမြို့နယ် ကျေးရွာအုပ်စု ၃ ခုက မဲရုံတွေကို မဖျက်သိမ်း ဖို့ ရွေးကောက်ပွဲကော်မရှင် ဆုံးဖြတ်
2017.03.26
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်က မဲဆန္ဒရှင် ၄၄၀၀ ရှိတဲ့ ကွန်ကျောင်း၊ နောင်အက်နဲ့ မော်မေ့ ကျေးရွာအုပ်စုတွေက မဲရုံတွေကို ဖျက်သိမ်းဖို့ NLD ပါတီက တင်ပြထားတဲ့ ကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။
အဲဒီကျေးရွာအုပ်စု ၃ခုမှာ မဲရုံတွေကို မဖျက်သိမ်းဘဲ နေရာပြောင်းရွှေ့ကျင်းပဖို့ စီစဉ်ထားတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးစိုင်းထွန်းမြ က ပြောပါတယ်။
ဦးစိုင်းထွန်းမြ ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။