သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-23
ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေးပါတီ ၃ ပါတီကို ဖျက်သိမ်းလိုက်ပြီး အဲဒီ ၃ ပါတီက ပါတီဝင်တွေနဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို အသစ်ဖွဲ့စည်းလိုက်ပါတယ်။
2018-02-23
တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှာပါဝင်တဲ့ "ဝ"တိုင်းရင်းသားမျိုးနွယ်တွေကို ခရီးသွားလာခွင့် ကန့်သတ်နေတာဟာ ခွဲခြားဆက်ဆံသလိုဖြစ်နေပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အဟန့်အတားဖြစ်စေတယ်လို့ "ဝ"တိုင်းရင်းသားပါတီ နှစ်ပါတီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
2018-02-23
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညနေက လားရှိုးမြို့က ရိုးမဘဏ်ဘေးက ပေါက်ကွဲမှုဟာ တအာင်း ပလောင် TNLA က ဖေါက်ခွဲတာ မဟုတ်ဘူးလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ငြင်းဆိုပါတယ်။
2018-02-23
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာကျေးရွာ ၅၅ ရွာလောက်ကို ဘူဒိုဇာတွေနဲ့ မြန်မာအစိုးရက ရှင်းလင်းထား တယ်လို့ ဂြိုဟ်တုက ရိုက်ယူရရှိတဲ့ ဓါတ်ပုံအထောက်အထားတွေနဲ့ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-02-23
ဘဏ်ဝန်ထမ်း ၂ ယောက်သေဆုံးပြီး လူ ၂ဝ ကျော် ဒဏ်ရာရခဲ့တဲ့ လားရှိုးမြို့က ရိုးမဘဏ် ပေါက်ကွဲမှုဖြစ်စဉ်အပြီးမှာ လားရှိုးမြို့ပေါ်က ရိုးမဘဏ်ခွဲတွေကို ယာယီပိတ်ထားတဲ့အပြင် မြို့ခံတွေဟာလည်း စိုးရိမ်စိတ်တွေ ရှိနေပါတယ်။
2018-02-23
တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ယာတွေ အရစ်ကျရောင်းချဖို့၊ အဝေးပြေးလမ်းတွေ အဆင့်မြှင့်တင်ဖို့နဲ့၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ကနေ ဂျပန်ယန်းငွေ ၁၅ ဘီလီယံ ချေးယူမယ့် အစီအစဉ်၊ အာရှဖွံ့ဖြိုရေးဘဏ်နဲ့ အာဆီယံ အခြေခံအဆောက်အအုံရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ သန်း ၄၄ဝ ချေးယူမယ့်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ သဝဏ်လွှာပေးပို့လိုက်ပါတယ်။
2018-02-23
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်းဟာ အခြေခံလူ့အခွင့်အရေးတွေကို ထိခိုက် တာတွေ ရှိနေတယ်လို့ အများက သုံးသပ်နေကြ ပါတယ်။ ဒီလိုအမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိက တင်ပြထားပါတယ်။
2018-02-22
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ALP အဖွဲ့က ဗဟိုကော် မတီဝင်တဦးဖြစ်သူ ဦးခိုင်မျိုးထွန်းဟာ စစ်ပွဲဖြစ် ပွားတဲ့ဒသတွေမှာ တပ်မတော်ရဲ့ လုပ်ဆောင် ချက်တွေနဲ့ ပတ်သက်ပြီး ရှုတ်ချတဲ့စာထုတ်ပြန်ခဲ့ တာကြောင့်၊ ထောင်တစ်နှစ်နဲ့ ၇ လကျခံခဲ့ရပါတယ်။
2018-02-22
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ အောင်ဝင်းထွန်းကို ဒီကနေ့ ရုံးချိန်းမှာ အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးက အာမခံ ပေးလိုက်ပါတယ်။
2018-02-22
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို အခုလ ၂၇ ရက်နေ့မှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အဲဒီအစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှာမှ အတည်ပြုမှာဖြစ်ကြောင်းနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ကိစ္စ ဆွေးနွေးရနိုင်တယ်လို့ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောပါတယ်။
2018-02-22
မြေပြိုမှုဖြစ်ခဲ့တဲ့ ပုပ္ပါးတောင်ကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံသွားရောက်ပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
2018-02-22
မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့ အစည်းတွေက ဝိုင်းဝန်းပြစ်တင်ပြောဆိုနေကြပေမယ့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားအရေအတွက် ကျဆင်းမသွားဘဲ မနှစ်ကထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ပြောပါတယ်။
2018-02-22
ဘင်္ဂလားဒေ့ရ်ှ အစိုးရက ပြန်လွှတ်မယ့် မွတ်စလင်ဒုက္ခသည် ဦးရေ ၈၀၃၂ ဦးပါဝင်တဲ့ ပထမ အသုတ် စာရင်းကို စိစစ်ဖို့အတွက် ရက်သတ္တပတ် နှစ်ပတ် လိုအပ်မယ်လို့ ကယ်ဆယ်ရေးနဲ့ လူမှုဝန်ထမ်း ဝန်ကြီး ဦးဝင်းမြတ်အေးက ပြောဆိုကြောင်း ဒါကာထရီဗြွန်းသတင်းက ဖော်ပြပါတယ်။
2018-02-22
ရခိုင် ပြည်နယ်မြောက်ပိုင်း ပြဿနာနဲ့ အဲဒီက မွတ်စလင် ရိုဟင်ဂျာတွေ အိုးအိမ်စွန့်ထွက်ပြေးကြ ရတဲ့ဖြစ်ရပ်တွေ အသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေဟာ ပြည်သူလူထုအကြား အမုန်းတရားပွား များအောင် ဖန်တီးခဲ့တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်သာဖြစ်တယ်လို့ နယူးယောက်မြို့ အခြေစိုက် Amnesty International လူ့အခွင့်အရေးအဖဲ့ွက ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
2018-02-22
ရခိုင်ပြည်နယ် စစ်တွေမြို့က Gallant Ocean Co., Ltd ရဲ့ ငါး၊ ပုစွန်လုပ်ငန်း အအေးခန်းစက်ရုံမှာ အလုပ်သမား ၁၉ ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ဖို့ စက်ရုံတာဝန်ရှိသူတွေက ကြေညာ လိုက်တာကြောင့် အလုပ်သမား ၁၀၀ ကျော်လောက်က ဒီကိစ္စဖြေရှင်းပေးဖို့ စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးကို ဒီနေ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။