သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-23
ကရင်ပြည်နယ် ဘားအံမြို့နယ်က လွန်းညတောင်မှာ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ တရုတ်ကုမ္ပဏီ ပူးပေါင်းပြီး ကျောက်ထုတ်လုပ်ဖို့ ပြင်ဆင်နေတာကို လွန်းညနဲ့ ကမော့မို စတဲ့ ဒေသခံရွာသားတွေက ကန့်ကွက်နေကြပါတယ်။
2017-11-23
ပြည်ထောင်စုဝန်ကြီးဌာန အသစ်နှစ်ခု ထပ်တိုးဖွဲ့စည်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ရာမှာ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတက အဆိုပြုထားတဲ့ ဦးသောင်းထွန်းကို အရင်အစိုးရအဖွဲ့ ဝန်ကြီးဟောင်းဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ကန့်ကွက်ခဲ့ပါတယ်။
2017-11-23
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်ကို နှစ်လအတွင်း စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူညီခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေညာချက်ထုတ်ပြန်ပါတယ်။
2017-11-23
ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း မြန်မာ့တပ်မတော်ရဲ့လုပ်ရပ်တွေဟာ လူမျိုးစုရှင်းလင်းမှု ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက တံဆိပ်တပ်လိုက်တာဟာ အလွန်အကွံျ ပြင်ပစွက်ဖက်မှုဖြစ်တဲ့ အပြင်၊ ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ၊ ပိုပြီးဆိုးရွားသွားစေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်က ပြောလိုက်ပါတယ်။
2017-11-23
ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ဖို့အတွက် မြန်မာ့တပ်မတော်နဲ့ ပိုပြီး နီးနီးကပ်ကပ်ဆောင်ရွက်လိုကြောင်း တရုတ်အစိုးရရဲ့ အကြီးတန်း စစ်ဘက်အရာရှိကြီးတဦးက ပြောဆိုပါတယ်။
2017-11-23
၀န်ကြီးဌာန အသစ်နှစ်ခု ထပ်တိုးဖွဲ့စည်းဖို့နဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ် ဖွဲ့စည်းဖို့ကိစ္စတွေနဲ့ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ရာမှာ အရင်အစိုးရအဖွဲ့ ဝန်ကြီးဟောင်းဖြစ်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုင်ငံတော် သမ္မတက အဆိုပြုထားတဲ့ ဦးသောင်းထွန်းကို ကန့်ကွက်ခဲ့ပါတယ်။
2017-11-23
ကရင်ပြည်နယ် ဘားအံမြိုနယ်ရှိ လွန်းညတောင်ကို ကရင်နယ်ခြားစောင့်တပ် BGF နဲ့ တရုတ်ကုမ္ပဏီတို့ပေါင်းပြီး ကျောက်ထုတ်လုပ်ဖို့ပြင်ဆင်နေတာကို လွန်းညနဲ့ ကမော့မိုစတဲ့ ကျေးရွာသားတွေက ကန့်ကွက်နေကြပါတယ်။
2017-11-23
ကချင်ပြည်နယ်က ကက်သလစ်ဘာသာဝင် အယောက် ၅ ထောင်ကျော်ဟာ နိုဝင်ဘာ ၂၉ မှာ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့အတူ ဝတ်ပြုဆုတောင်းကြဖို့အတွက် ရန်ကုန်မြို့ကို လာရောက်နေကြပြီဖြစ်ပြီး အဲဒီအထဲက ၃ ထောင်ကျော်ဟာ မြန်မာ့မီးရထားက စီစဉ်ထားတဲ့ မြစ်ကြီးနား-ရန်ကုန် တိုက်ရိုက်သီးသန့်ရထားနဲ့ မြစ်ကြီးနားကနေ ဒီကနေ့ စတင်ထွက်ခွာလာကြပြီဖြစ်ပါတယ်။
2017-11-23
ချင်းပြည်နယ် ပလက်ဝမြို့မှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအပြင် အဝတ်အထည်နဲ့ စောင်တွေပါ လိုအပ်နေတယ်လို့ ပလက်ဝမြို့နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။
2017-11-23
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တဲ့ ကျိုင်းတုံမဲဆန္ဒနယ်အမှတ် ၂ က ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ခဲ့တဲ့အမှု အယူခံအတွက် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာဝဏ္ဏစိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က အနိုင်ပေးလိုက်ပါတယ်။
2017-11-23
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဘက်လိုက်မှုရှိနေတယ်လို့ ယုံကြည်ကြောင်း ရန်ကုန်မြို့၊ သံလွင်လမ်းမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
2017-11-23
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ AA နဲ့ တပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဂုံပြင်ကျေးရွာသားတွေအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ပလက်ဝမြို့နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့ကနေ သိရပါတယ်။
2017-11-23
မြန်မာနိုင်ငံကို နိုဝင်ဘာလကုန်ပိုင်းမှာ လာရောက်မယ့် ပုပ်ရဟန်းမင်းကြီးနဲ့အတူ ဆုတောင်း ဝတ်ပြုဖို့အတွက် ကချင်ပြည်နယ်က ကက်သလစ်ဘာသာဝင် အယောက် ၅ ထောင်ကျော်ဟာ ရန်ကုန်မြို့ကို လာရောက်မှာဖြစ်ပြီး အဲဒီအထဲက မီးရထားနဲ့ လာရောက်မယ့် ၃ ထောင်ကျော်ဟာ ဒီကနေ့ မြစ်ကြီးနားကနေ စတင်ထွက်ခွာလာကြပြီဖြစ်ပါတယ်။
2017-11-23
မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ MICA ရဲ့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ လုပ်ငန်းတွေကို ကွင်းဆင်းစိစစ်ခဲ့တဲ့ အမျိုးသားလွှတ်တော် “အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကေ်ာမတီ” အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ် ၈ ဦးက ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က ဆွေးနွေးပြီး အတည်ပြုလိုက်ပါတယ်။
2017-11-23
မြန်မာနိုင်ငံမှာ ဘာသာရေးလူမျိုးရေးကို အခြေခံပြီး အမုန်းစကား Hate Speech တွေ အရင်ကထက် ပြောဆိုလာကြတာတွေနဲ့၊ ဒီကိစ္စအပေါ် အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှုတွေ၊ အောက်တိုဘာလ ၃ဝ ရက်နေ့က ဒုဋ္ဌဂါမဏိမင်းတရားတော်ကြောင့် ပြည်တွင်းပြည်ပမှာ ဝေဖန်မှုတွေ ထွက်ပေါ်လာတာတွေနဲ့ ပတ်သက်ပြီး မန္တလေး မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယာဘိဝံသနဲ့ စာရေးဆရာမင်းသုည (ဗုဒ္ဓတက္ကသိုလ်) ကလောင်အမည်နဲ့ ဘာသာရေးစာပေတွေ ရေးသားနေတဲ့ အရှင်ဣဿရိယကို ၂ဝ၁၇ နိုဝင်ဘာ ၉ ရက်နေ့က RFA က လျှောက်ထားမေးမြန်းခဲ့ပါတယ်။