သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-24
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေးကော်မတီ UPDJC မှာ ပါဝင်မယ့် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကို အပြီးသတ်ထုတ်ပြန်နိုင်ဖို့အတွက် ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။
2015-11-24
လက်ငင်းသုံးနိုင်တဲ့ သယံဇာတ၊ နေ့စဉ်မသုံးပေမဲ့ တန်ဖိုးထားတဲ့ သယံဇာတ၊ ပြန်လည်အစားထိုးလို့ မရတဲ့ သဘာဝသယံဇာတစတွေကို ဘယ်လိုထုတ်ယူသင့်ပြီး မလေလွင့်ရအောင် ဘယ်လိုမူဝါဒတွေ ချမှတ်သင့်သလဲဆိုတာ စီးပွားရေးသုတေသီ ဦးစိန်ဌေးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-24
ရိုဟင်ဂျာ မွတ်စလင်တွေဟာ အသိ အမှတ်ပြုခံရပြီးတဲ့ တိုင်းရင်းသားတွေဖြစ် တယ်လို့ ရေးသားဖေါ်ပြထား ပြီး၊ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာ ပါဝင်တဲ့ ပြက္ခဒိန်ထုတ်ဝေဖို့ ရိုက်နှိပ်မှုနဲ့ လူ ၅ ဦးကို တရားရုံးက ငွေဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။
2015-11-24
ကွယ်လွန်သူ မြန်မာ့ပန်းချီကျော် ဆရာကြီး ဦးဘဉာဏ်ရဲ့ ပန်းချီကားအပါအဝင် အမေရိကန်ဒေါ်လာ ၃၇၆ သန်း တန်တဲ့ အရှေ့တောင်အာရှက ခေတ်သစ်အနုပညာလက်ရာတွေကို အများပြည်သူကြည့်ရှုနိုင်ဖို့ စင်ကာပူ အမျိုးသား ပြခန်းကို မနေ့က ဖွင့်လှစ်လိုက်ပါတယ်။ ကမ္ဘာမှာ အရှေ့တောင် အာရှကလက်ရာတွေ အများဆုံး စုဆောင်းပြသတဲ့ ပြခန်း လည်းဖြစ်ပါတယ်။
2015-11-24
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်က မိုင်းအပ်နဲ့ နာပန်းကျေးရွာတဝိုက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့ကစပြီး မနေ့ကအထိ တိုက်ပွဲတွေ ပြန် လည် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
2015-11-24
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ အသရေဖျက်မှု ပုဒ်မ ၅ဝဝ တို့နဲ့ မအူပင် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မချောစန္ဒီထွန်းကို အာမခံပေးဖို့ နဲ့ ပုဒ်မ ၅၀၀ ကို ပယ်ဖျက်ပေးဖို့ ရှေ့နေဖြစ်သူက လျှောက်ထားတာကို မအူပင်မြို့နယ် တရားသူကြီးက ပယ်ချလိုက်ပါတယ်။
2015-11-24
အစိုးရနဲ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေကို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီအစည်းအဝေးကို တက်ရောက်ဖို့ဖိတ်ကြားမှာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
2015-11-24
ကချင်ပြည်နယ် ဖားကန့်မြို့ ဆွတ်အောင်ကျေးရွာအနီးက ကျောက်စိမ်း တူးဖော်တဲ့နေရာမှာ မြေစာပုံပြိုကျလို့ ဒီကနေ့အထိ သေဆုံးသူအရေအတွက် ၁၁၄ ဦးရှိပြီဖြစ် ကာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ကချင်ပြည် နယ် အစိုးရက တစ်ဦးကို ကျပ် ခြောက်သိန်းနှုန်းစီ ထောက် ပံ့ပေးခဲ့တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးဌာနက ပြောပါ တယ်။
2015-11-24
ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့အနီး မိုင်းရှူး-တန့်ယန်းလမ်းမပေါ်မှာ ဒီကနေ့ မနက်ပိုင်း က မိုင်းတစ်လုံး ပေါက်ကွဲခဲ့လို့ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2015-11-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်း စုကြည်နဲ့ ဒီဇင်ဘာလထဲမှာ တွေ့ဆုံမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောလိုက်ပါတယ်။
2015-11-24
ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်မှာ မနေ့ညက ယမ်းပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ဒေသခံ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
2015-11-24
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့မှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ခွင့်ရထားပါတယ်။
2015-11-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက ကံခါ စုပေါင်းစွန့်ပစ် မြေစာပုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က မြေစာပုံ ပြိုကျတာကြောင့် ရေမဆေး ကျောက်ရှာသူတွေနဲ့ မြေစာပုံအနီးမှာ တဲထိုးနေထိုင်သူတွေ ပိမိပြီး အခုချိန်ထိ သေဆုံးသူ တစ်ရာကျော်ရှိနေပါတယ်။
2015-11-24
ရှမ်းပြည်နယ် နမ့်စန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးဌေးလွင် အနိုင်ရရှိခဲ့တာကို ကျားခေါင်းပါတီ ကိုယ်စားလှယ်လောင်း ဦးစိုင်းဇော်ဝင်းက ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။
2015-11-23
နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအဖွဲ့မှာ ပါဝင် မယ့် နိုင်ငံရေး ပါတီကိုယ်စားလှယ်တွေကို ရန်ကုန် တိုင်းအစိုးရ အဖွဲ့ရုံးမှာ မဲခွဲ ရွေးချယ်ခဲ့ကြပါတယ်။