သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-24
ဒီတပတ် RFA ကိုရေးတဲ့စာပေးတဲ့စာ အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်း စတဲ့ ဒေသက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-01-24
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းနဲ့လားရှိုးမြို့နယ် အစပ်မှာရှိတဲ့ တောင်ပေါ်ကျေးရွာက ဒေသခံတွေဟာ ဘိန်းကိုအဓိကထား စိုက်ပျိုးပြီး အသက်မွေးနေကြပေမယ့် စားဝတ်နေရေး အဆင်မပြေကြပါဘူး။
2019-01-24
မန္တလေး ရတနာပုံတက္ကသိုလ်မှာ ကျောင်းတွင်းလုံခြုံရေးနဲ့ သန့်ရှင်းရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကျောင်းသားတွေကို ဖမ်းဆီးတရားစွဲထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ အတတ်နိုင်ဆုံး ဖြေလျှော့ဆောင်ရွက် ပေးသွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ကတိပြုလိုက်ပါတယ်။
2019-01-24
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆန်းတုန်းမြို့က ပင်လယ်စာ ရေဘဝဲလုပ်ငန်းကို ပွဲစားက လိမ်လည်ပြီး အပို့ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၁၅ ဦးဟာ ဒီနေ့မနက်မှာ မုံရွာမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။
2019-01-24
NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU က ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးပွဲတရပ် ကျင်းပနေပါတယ်။
2019-01-24
အမေရိကန်အစိုးရယန္တရား တစိတ်တပိုင်း ရပ်နားထားရတဲ့အတွက် ကမ္ဘာ့တဖက်ခြမ်းက မြန်မာနိုင်ငံလို နိုင်ငံတွေအထိ ရိုက်ခတ်လာနေပါတယ်။ မြန်မာနိုင်ငံမှာ အမေရိကန်အစိုးရရဲ့ အကူအညီနဲ့ လည်ပတ်နေကြတဲ့ ပရဟိတလုပ်ငန်းတွေ အခုဆိုရင် ရပ်ဆိုင်းထားရတယ်လို့ လူမှုရေး၊ ပညာရေး လုပ်ငန်းတွေ လုပ်ကိုင်နေသူတွေက ပြောပါတယ်။
2019-01-24
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် အထက(၁) အမျိုးသမီးသီးသန့် ကျောင်းကို ဒီနေ့ သွားရောက်ခဲ့ပြီး ကျောင်းသူတွေကို ကိုယ်ဝါသနာပါရာနဲ့ ကိုက်ညီတာကို လုပ်ကြဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။
2019-01-24
ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ မှန်ကန်တဲ့ အခွန်ပေးဆောင်မှုတွေနဲ့ နိုင်ငံတော်အသုံးစရိတ်ကို တဖက်တလမ်းက ဖြည့်ဆည်းပေးတာဟာ အင်အားတရပ်ဖြစ်တယ်လို့ သမ္မတဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။
2019-01-24
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်အနီးက နယ်ခြားစောင့် လုံခြုံရေးစခန်းတစ်ခုကို ဒီနေ့မနက်က ဘင်္ဂလားဒေ့ရ်ှဘက်ခြမ်းမှာရှိတဲ့ အမည်မသိ လက်နက်ကိုင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အင်ဂျင်နီယာ တပ်က အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
2019-01-24
တရုတ်နိုင်ငံ ဆန်းတုန်းမြို့က ပင်လယ်စာ ရေဘဝဲလုပ်ငန်းကို ပွဲစားက လိမ်လည်ပြီး အပို့ခံ လိုက်ရတဲ့ မြန်မာအလုပ်သမား ၁၅ ဦး ဒီနေ့မနက်မှာ မုံရွာမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။
2019-01-24
ရတနာပုံတက္ကသိုလ် ကျောင်းတွင်းလုံခြုံရေးနဲ့ သန့်ရှင်းရေးဝန်ထမ်း တိုးမြှင့်ချထားပေးရေးအတွက် ဆန္ဒပြတဲ့အတွက် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ဖြေလျော့ ဆောင်ရွက်ပေးသွားဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ကတိပေးခဲ့တယ်လို့ သိရပါတယ်။
2019-01-24
AA ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်း စခန်းတွေကို တိုက်ခိုက်ခဲ့တာဟာ တာဝန်မဲ့လုပ်ရပ်ဖြစ်လို့ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
2019-01-23
ရခိုင်ပြည်နယ်က ထွက်ပြေးရောက်ရှိနေတဲ့ မွတ်စလင်နဲ့ ဟိန္ဒူတွေကို ခေါ်ယူရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြန်လည်ဆွေးနွေးရန် အဆင့်သင့်ပဲလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2019-01-23
တရုတ်နိုင်ငံကို တရားမဝင်လမ်းကြောင်းက သွားရောက် အလုပ်လုပ်ကိုင်ပြီး အလုပ်ရှင်က ရိက္ခာဖြတ်တောက်တဲ့အတွက် ထွက်ပြေးလာတဲ့ မြန်မာအလုပ်သမား ၄၅ ဦးဟာ ဒီကနေ့မနက်မှာ မုံရွာမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။
2019-01-23
ကျောင်းသန့်ရှင်းရေးဝန်ထမ်းတိုးမြင့်ပေးဖို့နဲ့ ကျောင်းတွင်းလုံခြုံရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ တက္ကသိုလ်ကျောင်းပေါင်းစုံက ကျောင်းသားတွေဟာ တိုင်းအစိုးရရုံးမှာ ဒီနေ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။