သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-25
အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တရက်မှာ ဖြစ်ပွား သွားတဲ့ အမျိုးသမီးထုလမ်းလျှောက်ပွဲနဲ့ အမျိုးသမီးရေးလှုပ်ရှားသူ Gloria Steinem ရဲ့ အခန်းကဏ္ဍ၊ မပြီးဆုံးသေးတဲ့ အမေရိကန်အမျိုးသမီး အခွင့်အရေး တိုက်ပွဲနဲ့ ပုံစံခွက်ထဲက မြန်မာ အမျိုးသမီးတွေ အနေအထား စတာတွေ ကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2017-01-25
တနင်္သာရီတိုင်းဒေသကြီး လက်နက်ကိုင် ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားအောင် အသီးသီးတာဝန်ယူကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီတို့ဟာ ဒီကနေ့ ညနေက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူဆုံးဖြတ် လိုက်ပါတယ်။
2017-01-25
တပ်မတော်က ဖမ်းဆီးထားတဲ့ မုံးကိုးမြို့က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်နှစ်ယောက်ကို မနေ့ည က မူဆယ်ရဲစခန်းထံ လွှဲအပ်ခဲ့ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)(၂)တို့နဲ့ အမှုဖွင့်ထားတယ်လို့ မူဆယ်ရဲစခန်းက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ယောက် က ပြောပါတယ်။
2017-01-25
မကွေးတိုင်းဒေသကြီး မင်းဘူး၊ ရေ နံချောင်း၊ ပွင့်ဖြူ၊၊ စကု၊ မကွေး၊ စတဲ့ မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ နှစ်ရက် ဆက်တိုက်က ပေါက်ကွဲသံ ၄ ကြိမ်လောက် ထွက်ပေါ်ခဲ့တာဟာ မကွေးမြို့ တပ်မတော် (လေ)က လက်နက်စမ်းသပ် ပစ်ခတ်တာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ပြောပါတယ်။
2017-01-25
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၁၅ ခုက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ တအာင်းပလောင် အမျိုးသားပါတီအမည်ကို ထည့်သွင်းထား တာကို ကန့်ကွက်ကြောင်းနဲ့ ပယ်ဖျက်ပေးဖို့ တောင်းဆို လိုက်ပါတယ်။
2017-01-25
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ နှစ်သန်းကျော်အတွက် မဲရုံနှစ်ထောင် ထားရှိသွားမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။
2017-01-25
ရန်ကုန်မြို့မှာ YBS ယာဉ်တွေ မပြေးဆွဲတဲ့ ည ၉နာရီကစပြီး ညပိုင်းသီးသန့်ယာဉ်တွေ နဲ့ ပြေးဆွဲ ပေးသွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
2017-01-25
ဝန်ကြီးချုပ်တွေကို အလုပ်တွေခိုင်းဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်း ပခုက္ကူမြို့နယ် စံပြကြီးရွာ က ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။
2017-01-25
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် နောင်သကြား မန်ကောင်းကျေးရွာမှာ ခိုလှုံနေတဲ့ မန်တုံ မြို့နယ်က စစ်ဘေး ဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်တော့တဲ့အတွက် ဒုက္ခသည်တွေနေထိုင်ဖို့ နေအိမ်တွေ ဆောက်လုပ်ပေးဖိ့ု လိုအပ်နေ ပါတယ်။
2017-01-25
ရန်ကုန်တိုင်းအတွင်းမှာ အမြဲတမ်းအငှားယာဉ်တွေဖြစ်တဲ့ AA/ BB/ CC နံပါတ်အနီတွေနဲ့ ပြေးဆွဲတဲ့ ယာဉ်အစီးရေထက် အက္ခရာနဲ့ပြေးဆွဲနေတဲ့ ယာဉ်အစီးရေက ပိုများနေတယ်လို့ ယာဉ်မောင်းတွေက ပြောကြပါတယ်။
2017-01-25
ရခိုင်ပြည်နယ်က တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ရခိုင်အရပ်ဘက် လူမှုအ ဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ်ကို စစ်တွေမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2017-01-25
အိမ်မွေးတိရစ္ဆာန်တွေကနေ အလွယ်တကူကူးစက်နိုင်တဲ့ Rabies ဆိုတဲ့ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပေါ် လာတဲ့ ခွေးရူးပြန်ရောဂါဟာ လူတွေရဲ့အသက် အန္တရာယ်အထိပါ ထိခိုက်နိုင်ပါတယ်။
2017-01-24
မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့ လေးဖွဲ့က အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ UWSP တို့ကို သက်သေအဖြစ် ပါဝင်ပေးဖို့ တိုက်တွန်းကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-01-24
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ၊ ဥသျှစ်ပင်မြို့က ဒေသခံ ကိုရာဇာဟိန်းဟာ မူးယစ်ဆေးပြား ၁၄ သန်း ဖမ်းဆီးနိုင်ဖို့အတွက် ကြိုးပမ်းစွမ်းဆောင်ခဲ့တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်ပါတယ်။
2017-01-24
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှုတွေကြောင့် အသက်ဆုံးရှုံး မှုတွေ မကြာခဏ ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့ သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင် ပါတယ်။