သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-26
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို “လူမျိုးတုံးသတ်ဖြတ်မှု” အဆင့် သတ်မှတ်ဖို့ အမေရိကန်အစိုးရက စဉ်းစားနေဆဲဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
2018-09-26
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide Against the Burmese Rohingya) လို့အမည်ပေးထားတဲ့ အောက်လွှတ်တော်ကြားနာပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ၂ဝ၁၈ စက်တင်ဘာလ ၂၆ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2018-09-26
အလုပ်ရှင်-အလုပ်သမား ပြဿနာတွေမှာ အလုပ်သမားဦးစီးဌာနအနေနဲ့ မှန်မှန်ကန်ကန် ဖြေရှင်း ဆောင်ရွက်ပေးဖို့ လှိုင်သာယာစက်မှုဇုန်က စက်ရုံလေးရုံနဲ့ ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ရာနီးပါးစုပေါင်းပြီး လှိုင်သာယာမြို့နယ်မှာ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2018-09-26
ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ ကျယ်ကျယ်ပြန့် ဖြစ်ပေါ်နေတဲ့အကြောင်း ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။
2018-09-26
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံက ပါဝင်ကူညီနေတာဟာ မြန်မာအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဆန္ဒအရ ဖြစ်တယ်လို့ တရုတ်အစိုးရ အာဘော် သတင်းစာဖြစ်တဲ့ Global Time သတင်းစာက စက်တင်ဘာလ ၂၅ ရက် မနေ့က ရေးသားလိုက်ပါတယ်။
2018-09-26
လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်နေရာမှာ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးကြည်ကို ခန့်အပ်ဖို့အတွက် ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
2018-09-26
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံ ပေါ်မှာ “လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် အလိုရှိသည်” ဆိုတဲ့စာသားတွေ ရေးသားပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ပေါ်မှာ လှည့်လည်တဲ့ လှုပ်ရှားမှုတခုကို Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2018-09-26
ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို ပြန်လက်ခံရေးကိစ္စမှာ မြန်မာအစိုးရဘက်က တမင် နှောင့်နှေးကြန့်ကြာအောင်လုပ်ဆောင်နေတာလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ရိုက်တာ သတင်းဌာနကို မနေ့က ပြောလိုက်ပါတယ်။
2018-09-26
လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာမှာ နေထိုင်တဲ့ လူမိုက် ဝါးကြီး ခေါ် ခင်မောင်လွင် ဆိုသူကို လူတစ်စုက ဒီနေ့ နေ့လည်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးသွားတယ်လို့သိရပါတယ်။
2018-09-26
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့က ည ၉ နာရီလောက်က စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖ) တပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့ပါတယ်။
2018-09-26
လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နေရာအတွက် ပထမဆုံး အမျိုးသမီး တရားသူကြီးတစ်ဦးကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်က အဆိုပြုအမည်စာရင်း ရန်ကုန်တိုင်း လွှတ်တော်မှာ ဒီကနေ့ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
2018-09-26
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ စတင်တည်ထောင်ချိန်ကစပြီး နှစ်ပေါင်း ၃၀ ကြာတဲ့အထိ ဖိနှိပ်မှုတွေ ကြားထဲကနေ ပြည်သူတွေ အားကိုးရတဲ့ ပါတီဖြစ်အောင် ကြိုးစားခဲ့ရသလို နောက်ပိုင်းမှာလည်း ပြည်သူတွေ အားကိုးရတဲ့ ပါတီအဖြစ် ဆက်ရှိနေဖို့ ပါတီဝင်တွေက ကြိုးစားဖို့လိုကြောင်း ပါတီခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
2018-09-26
အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ အလုပ်သမားအရေး ကိစ္စတွေမှာ ဖြေရှင်း ပေးနိုင်မှု အားနည်းတာကြောင့် NLD အစိုးရလက်ထက်မှာ အလုပ်သမား ဆန္ဒပြပွဲတွေ အမြောက်အမြားပေါ်ပေါက်လာရကြောင်း အလုပ်သမား သမဂ္ဂတွေက ဒီနေ့ ဝေဖန် ပြောလိုက်ပါတယ်။
2018-09-26
အနုပညာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့အတွက် လူထုအကျိုးပြု လုပ်ငန်းတွေကို တတ်နိုင်တဲ့ဘက်က လုပ်ဆောင်နေတာပါလို့ အမေရိကန်ပြည်ထောင်စု ကို ခေတ္တ ရောက်ရှိနေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ က RFA ကို ပြောပါတယ်။
2018-09-26
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန္ဒပြသူတွေကို ရဲကသေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို မြန်မာနိုင်ငံအလံ အက်ဥပဒေ ပုဒ်မ ၁၆ နဲ့ ထပ်မံဖမ်းဆီးလိုက်ပြီး မြောက်ဦးမြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူခဲ့ပါတယ်။