သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-25
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ယူဖြေရှင်းဆောင် ရွက်ပေးတာ အားနည်းတယ်လို့ Equality Myanmar က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-09-25
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် က လယ်ယာမြေဧက ၃ သောင်းကျော်ကို သစ်တောဦးစီးဌာနက သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ် ထားတဲ့အတွက် ဒေသခံ တစ်ထောင်ခန့်က မကွေးမြို့ သစ်တောရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-09-25
အစိုးရဘတ်ဂျက်ငွေကြေး နဲ့ ဆောက်လုပ်နေတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ အဆောက် အဦးတွေနဲ့ လမ်းတံတားတွေမှာ အရည်အသွေး မပြည့်မီတာတွေတွေ့ရှိရင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အချက်အလက်တွေပေးပို့ကြဖို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။
2014-09-25
မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးပဲ စစ်သားအဖြစ် စုဆောင်းခံရတဲ့ ကလေး စစ်သား ၁၀၉ ဦးကို စစ်တပ်ထဲကနေ ဒီကနေ့ အခမ်းအနားနဲ့ နှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
2014-09-25
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီတို့ ပူးပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2014-09-25
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ တင်သွင်း ရာ ထောက်ခံသူမရှိတဲ့အတွက် လွှတ်တော်က ပယ်ချခဲ့ တယ်။
2014-09-25
အခုဆက်ပြီး RFA ပရိသတ်တွေအတွက် ဗုဒ္ဓဟူးနေ့တိုင်း အပတ်စဉ်ထုတ်လွှင့်မယ့် အစီအစဉ်အသစ် တခုကို မိတ်ဆက်ပေးချင်ပါတယ်။
2014-09-25
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ပါတီဌာနချုပ်မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
2014-09-24
ထိုင်းဘတ်ငွေ တစ်သန်း ပြန်ပေးခဲ့သူ မြန်မာအလုပ်သမား တစ်ယောက်ကို ပိုင်ရှင်တွေက ဘတ်ငွေ တစ်ထောင် ဆုချခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
2014-09-24
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ညှိနှိုင်းရေးအဖဲ့ွ NCCT တို့ ရန်ကုန်မြို့ မှာ တွေ့ဆုံဆွေးနွေး နေကြပါတယ်။
2014-09-24
နိုင်ငံတဝှမ်းက လယ်ယာမြေသိမ်းဆည်းမှု ပြဿနာတွေကို အာဏာပိုင်တွေဖြေရှင်းပေးမှု နှေးကွေး နေတဲ့အတွက် ဒီကိစ္စဖြေရှင်းပေးဖို့ ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မတီက မနေ့က အစီရင်စာ တစောင် တင်သွင်းလိုက်ပါတယ်။
2014-09-24
၀န်ကြီးချုပ် ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အဆိုပြုတင်ပြထားတဲ့ ရန်ကုန်မြို့တော်သစ် စီမံကိန်းကို လာမယ့်သောကြာနေ့ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ အတည်ပြုတော့မှာ ဖြစ်ပါတယ်။
2014-09-24
မြန်မာနိုင်ငံတဝှမ်း စစ်တပ်ရဲ့ လယ်ယာမြေသိမ်းယူခံရသူတွေထဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် သဘာပတိဥက္ကဌ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးလည်း ပါဝင်ပါတယ်။
2014-09-24
ပဲခူးမြို့နယ် သာယာကုန်းကျေးရွာအုပ်စု အတွင်း စစ်တပ်ကသိမ်းယူထားတဲ့ လယ်ဧက ခြောက်ထောင်နီးပါးကို ပြန်ပေးဖို့ တောင်သူလယ်သမားတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြတောင်းဆိုသွားဖို့ ပြင်ဆင်နေကြပါတယ်။
2014-09-24
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ ပီလောပီနံ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ယုဇနကုမ္ပဏီကို ကန့်ကွက်ကြောင်း ဖားကန့်မြို့နယ် ကျေးရွာ ၆ရွာက ဒေသခံတွေက ဆန္ဒမဲပေးခဲ့ကြတယ်လု့ိ သိရပါတယ်။