သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-26
တသီးပုဂ္ဂလအနေနဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မဲဆန္ဒနယ်ကနေ လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အတွက် အမည်စာရင်းတင်သွင်းထားသူ ဦးရွှေမောင် ကိုမွေးဖွားချိန်က မိဘနှစ်ပါးဟာ နိုင်ငံသားမဖြစ်သေးတဲ့အတွက်ဆိုပြီး မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချလိုက်ပါတယ်။
2015-08-26
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေထွက်ပေးဖို့ ဆန္ဒပြခဲ့တဲ့ အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-ခ နဲ့ တရားစွဲခံထားရတဲ့ တကသ ကျောင်း သားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ ဒီနေ့ ငါးကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2015-08-26
"သြင်္ကန်မိုး" အပါအဝင် ဂန္တဝင်မြောက် ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးရိုက်ကူးခဲ့တဲ့ ငါးထပ်ကွမ်း အကယ်ဒမီဆုရှင် ဒါရိုက်တာမောင်တင်ဦးဟာ သြဂုတ်လ ၂၄ ရက်နေ့က မန္တလေးမြို့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
2015-08-26
ရထားပို့ဆောင်ရေး၊ လျှပ်စစ်စွမ်းအားနဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသုံးခုက ဂျပန်နိုင်ငံကနေ ယန်းငွေ ဘီလီယံတစ်ရာ၊ အမေရိကန်ဒေါ်လာသန်း ရှစ်ရာကျော် ချေးယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူတွေက သြဂုတ်လ ၂၅ ရက်ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ရှင်းလင်းခဲ့ကြပါတယ်။
2015-08-26
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မနေ့က ပူးတွဲထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်သူတွေ နိုးကြားတက်ကြွလာဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ဦးကိုကိုကြီးက ပြောပါတယ်။
2015-08-25
ရခိုင်ပြည်နယ် မောင်တောမြို့ နယ် တောင်ပြိုလက်ဝဲမှာ ယာယီ ကယ်ဆယ်ထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား လှေစီးပြေး ဒုက္ခသည်တွေထဲက ၁၂၅ ဦးကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ဒီနေ့ လွှဲပြောင်းပေးလိုက်ပါတယ်။
2015-08-25
သံလွင်မြစ်မှာ တည်ဆောက်မယ့် ရေအား လျှပ်စစ်စီမံကိန်းတွေကို ကန့်ကွက်ကြောင်း ရှမ်းပြည်နယ်က ဒေသခံတိုင်းရင်းသား ၂၃၀၀၀ ကျော်က စုပေါင်းလက်မှတ်ထိုးပြီး မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်သက်ရောက်မှု ဆန်းစစ်ချက်တွေ လုပ်ဆောင်နေတဲ့ သြစတြေးလျနိုင်ငံက SMEC ကုမ္ပဏီကို ပေးပို့လိုက်ပါတယ်။
2015-08-25
ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ အခြေစိုက်တဲ့ ပန်ဝါမြို့ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလွဲပြီး တစ်ခြားနိုင်ငံရေးပါတီတွေ စည်းရုံးရေးမဆင်းဖို့နဲ့ ပါတီ ဆိုင်းဘုတ် တင်တာတွေမလုပ်ဖို့ ပိတ်ပင်တားမြစ်ထား တယ်လို့ သိရပါတယ်။
2015-08-25
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးကို ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်တွေနဲ့ မကိုက်ညီလို့ဆိုပြီး ကယားပြည် နယ် ဘောလခဲနဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခရိုင်ကော်မရှင်ရုံးခွဲတွေက ပယ်ချလိုက်ပါတယ်။
2015-08-25
လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွဲခဲ့မှုနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ ရဲအရာရှိတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့အညီ အရေးယူအပြစ်ပေးဖို့ ဖမ်းဆီး ခံကျောင်းသား ၅၈ ဦးက လက်မှတ်ရေးထိုးပြီး သာယာဝတီခရိုင်တရားရုံးမှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2015-08-25
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့အကြား သဘော ထားတွေကွဲကုန်ကြပြီဆိုပြီး ရေးသားပြောဆိုနေတာ တွေဟာ မှားယွင်းကြောင်း ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ပြောဆိုလိုက်ပါတယ်။
2015-08-25
ကျောင်းသားသပိတ်ကို အကြမ်းမဖက်ဖို့ ဝတ်ပြု ဆုတောင်းမှုနဲ့ မိထ္ထီလာခရိုင်ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ဒေါ်မြင့်မြင့်အေး၊ ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်မေသက် ဦးနဲ့ မိထ္ထီလာခရိုင် NLD ပြန်ကြားရေးတာဝန် ခံ ဒေါ်ခင်မေစီ တို့ကို ထောင်ဒဏ်ချမှတ်ထားတဲ့ အတွက် ချက်ချင်းပြန်လွှတ်ပေးဖို့ AHRC အာရှလူ့ အခွင့်အရေးကော်မရှင်က အရေးပေါ် မေတ္တာရပ်ခံ လိုက်တာနဲ့ ပတ်သက်ပြီး အဖွဲ့ ရှေ့နေ ဦးမင်းလွင်ဦး ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
2015-08-25
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းအကြား သဘော ထားတွေ ကွဲလွဲကုန်ကြပြီဆိုပြီး ရေးသားပြောဆိုနေ တာတွေဟာ မှားယွင်းကြောင်း သြဂုတ်လ ၂၄ ရက် ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးကနေ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
2015-08-25
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဒဂုံတက္ကသိုလ်က တကသ ကျောင်းသားတွေ စုပေါင်းပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ သြဂုတ်လ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-08-25
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ရေဘေးဒဏ်ခံစားခဲ့ရ တဲ့ တောင်အူရွာ က ရေဘေးဒုက္ခသည်တွေဟာ အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေမရသေးပဲ ပရဟိတအဖွဲ့အစည်းတွေရဲ့ အကူအညီအထောက်အပံ့တွေ နဲ့ စားသောက်နေထိုင်နေကြရပါတယ်။