ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချလိုက်တဲ့ ဦးရွှေမောင်နဲ့ မေးမြန်းချက်


2015.08.26

တသီးပုဂ္ဂလအနေနဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မဲဆန္ဒနယ်ကနေ လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အတွက် အမည်စာရင်းတင်သွင်းထားသူ ဦးရွှေမောင် ကိုမွေးဖွားချိန်က မိဘနှစ်ပါးဟာ နိုင်ငံသားမဖြစ်သေးတဲ့အတွက်ဆိုပြီး မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဦးရွှေမောင်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်ကနေ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်ကနေ ယှဉ်ပြိုင် ခဲ့ရာမှာအနိုင်ရခဲ့ပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

ဦးရွှေမောင်ကို RFA သတင်းထောက် မရွှေရည်မဉ္ဇူက ဆက်သွယ်မေးမြန်းထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။