သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-25
ရှမ်းပြည်နယ်အတွင်းက မိဘမဲ့ကလေးတွေနဲ့ ပညာသင်ယူဖို့ အခက်အခဲရှိနေတဲ့ ကလေးတွေကို ဟိုပုံးမြို့က ဆရာတော်ဦးရာဇိန္ဒ က “နောင်တောင်းတပ်ဦး” ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တည်ထောင် ပြီး ပညာသင်ကြားပေးနေပါတယ်။
2015-06-25
မန္တလေးတိုင်း အမရပူရမြို့နယ်အတွင်းက ရပ်ကွက်တွေမှာ အဝတ်အထည်တွေကို ချယ်သတဲ့ ဆေးပန်းချီလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကြောင်း ပြုတာတွေ များလာနေပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2015-06-25
မြန်မာနိုင်ငံက မဘသ ခေါ် အမျိုးသာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အတွက် ဘာသာရေးဆိုင်ရာ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာနတွေ ထူထောင်ပေးဖို့ ကူညီလိုကြောင်း ထိုင်း ဗုဒ္ဓ ဘာသာအဖွဲ့တစ်ဖွဲ့က ကမ်းလှမ်းခဲ့တယ်လို့ AFP သတင်း က ဖော်ပြပါတယ်။
2015-06-25
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ဟာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုရေး ဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေမှာကတည်း က ပါရှိပြီးဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ လွဲမှားနေကြောင်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည် ညွှန့်က ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ ပါတယ်။
2015-06-24
တပ်မတော်က ဖမ်းဆီးချုပ်နှောင်ထားစဉ်မှာ သေ ဆုံးခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့အမှု ကို သေမှုသေခင်းအဖြစ် ကျိုက်မရောမြို့နယ် တရားရုံးက မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။
2015-06-24
အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေးအတွက် အမျိုးသားအဆင့်ကော်မတီ ဝင်တွေရဲ့ဆွေးနွေးပွဲကို ဒီကနေ့ကျင်းပရာမှာ ကော်မတီဝင်အများစုက ၃၆၀၀ သတ်မှတ်ပေးဖို့ သဘောထားပေးခဲ့ကြပါတယ်။
2015-06-24
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးချက်တွေကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထုလိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်ဖို့ အလှမ်းဝေးနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်ကြပါတယ်။
2015-06-24
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် တောင်လယ်ကျေးရွာက မြေဧက ၅၀ လောက်မှာ တပိုင်တနိုင်ရွှေတူးဖော်နေ တဲ့ လုပ်သား ၃၀၀ လောက်ကို အဲဒီနေရာအနီးအခြေစိုက်တဲ့ အမှတ် ၁၃ လေ့ကျင့်ရေးတပ်က ဒီနေ့ ဖယ်ရှားလိုက်ပါတယ်။
2015-06-24
ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်း ပလောင်အမျိုးသားပါတီဥက္ကဌ မိုင်အောင် ခမ်းနဲ့ အတွင်းရေးမှူးတို့ကို ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အမှတ် ၁၃၇ တပ်ရင်းက ပြီးခဲ့တဲ့ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပါတီတာဝန်ရှိ သူတွေက ပြောပါတယ်။
2015-06-24
မြန်မာနိုင်ငံသား နှစ်ဦးဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံ လိပ်ကျွန်းက ဗြိတိန်စုံတွဲ အသတ်ခံရမှုဖြစ်စဉ်မှာ အဓိက သက်သေတွေဖြစ်တဲ့ သေဆုံးသူတွေရဲ့ သူငယ်ချင်း မိတ်ဆွေနှစ်ဦးကို သက်သေအဖြစ်ထွက်ဆိုပေးဖို့ မြန်မာ သံရုံးအထူးအဖွဲ့က တရားရုံးကို တောင်းဆိုလိုက်ကြောင်း သိရပါတယ်။
2015-06-24
တစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားအားလုံး အတွက် တစ်နေ့လုပ်ခကို ကျပ် ၃၆၀၀ ထား ဖို့ "အနည်းဆုံးအခကြေးငွေသတ် မှတ်နိုင်ရေးအမျိုးသားကော်မတီ" ဆွေးနွေးပွဲမှာ ဒီနေ့ သဘောတူလိုက်တယ်လို့ သိရပါတယ်။
2015-06-24
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထား ရတဲ့ ကျောင်းသားတွေထဲက ကိုအောင်မှိုင်း ဆန်း အပါအဝင် ၃၅ ဦးကို သီတင်းနှစ်ပတ်ကနေ တစ်လခွဲ အထိ မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့်ပိတ်လိုက်ပါတယ်။
2015-06-24
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ (က) ကို ပြင်ဆင်ဖို့ အကျပ် အတည်းဖြစ်နေ တာကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ထံက နှုတ် ထွက်စကားတောင်းခံပြီး သဘောထားကို ယူ သင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်းက ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆွေးနွေး ခဲ့ပါတယ်။
2015-06-24
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထိပ်ပိုင်းအရာရှိ တချို့ဟာ မြေကွက်တွေကို ဂရမ်ရိုက်ပြီး ရောင်း စားနေတယ်ဆိုပြီး ပဲခူးမြို့ခံ ဒေါက်တာ စိုးမြင့်သန်း က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားထား ပါတယ်။
2015-06-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဥက္ကဌ ဦး တင်ဦးနဲ့ အဖွဲ့ဝင် ၁၂ ဦးတို့ဟာ မနေ့က ရန်ကုန် တိုင်းဒေသကြီးအတွင်းက ကွမ်းခြံကုန်း၊ ကော့မှူးနဲ့ တွံ့တေးမြို့နယ်တွေမှာ မဲစာရင်းတွေကို သွားရောက် စီစစ်ခဲ့ပါတယ်။