သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-26
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး ဒုတိယနေ့ကို နေပြည်တော်မှာ ဒီကနေ့ ဆက်လက်ကျင်းပခဲ့ပြီး၊ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-05-26
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် နန်စီပွန်ရတနာနယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင် ခန္တီးမြို့နယ် တိုင်း လွှတ်တော်ကိုယ်စားလှယ် ၂ ဦးဟာ ခန္တီးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသ ခံယူနေရတဲ့ ရေမဆေးကျောက်ရှာသူတွေကို မေလ (၂၅) ရကေ်န့ ဒီကနေ့ သွားရောက် ကြည့်ရှုခဲ့ပါတယ်။
2017-05-26
မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ UWSA ဝ,အဖွဲ့၊ ကချင်၊ မိုင်းလား၊ တအာန်းပလောင်၊ ရခိုင်၊ ကိုးကန့် စတဲ့ အဖွဲ့ ၇ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းတို့ နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ဒီကနေ့ တဖွဲ့ချင်းစီ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2017-05-26
အာဏာရှင်တွေအကြောင်း ရိုက်ကူးလေ့ရှိတဲ့ ဆွစ်လူမျိုး ရုပ်ရှင်ဒါရိုက်တာတဦးက ဆရာတော် ဦးဝီရသူဆိုတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးပြီးစီးသွား လို့ ပြင်သစ်ရုပ်ရှင်ပွဲတော်မှာ ပြသပါတော့မယ်။
2017-05-25
ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံကို ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး တပ်မတော်နဲ့မျက်နှာချင်း မဆိုင်နိုင်ဖြစ်နေကြတဲ့ တိုင်းရင်းသားတွေလည်း ညီလာခံကို တက်ရောက်လာတာကြောင့် အားရကျေနပ်သူတွေ ရှိပါတယ်။
2017-05-25
မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇော က ပင်လုံညီလာခံကို မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေ တက်ရောက်မှုကို ငြိမ်းချမ်းရေးအတွက် အကောင်း လက္ခဏာအဖြစ် ရှုမြင်ကြောင်း ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ မြောက်ပိုင်းအဖွဲ့တွေ ဒီကနေ့တွေ့ဆုံပွဲ ဟာ နှစ်ဖက်သဘောထား တင်ပြမှုလောက်ပဲ ရှိမှာဖြစ်ပေမယ့် ရေရှည် ညှိနိုင်းမှုတွေကို ဦး တည် သွားနိုင်ကြောင်း၊ တရုတ်အစိုးရက မြန်မာပြည်ငြိမ်း ချမ်းရေးမှာ ဆက်လက်ပါဝင်မှာ ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားကြီးနိုင် ငံတွေအကြားမှာ မြန်မာပြည်အကျိုးအတွက် ကျွမ်းကျင်စွာ ဆောင်ရွက်နေကြောင်းနဲ့ လက်ရှိမှာ တရုတ်ပြည်ကသာမက အမေရိကန်၊ ဂျပန်၊ ဥရောပနဲ့ တခြားနိုင်ငံတွေကလည်း ဒေါ်အောင် ဆန်းစုကြည်ကို အားပေးနေကြတာမြင်ရကြောင်း RFA ကို ပြောကြားလိုက်ပါတယ်။
2017-05-25
"ဝ" တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာ မိတ်အဖွဲ့ ၇ ဖွဲ့ဟာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ဖွင့်ပွဲရက်ကို တက်ရောက်ပြီး ညီလာခံ ဒုတိယနေ့ကို တက်ရောက်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌနဲ့ တစ်ဖွဲ့ချင်းစီ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။
2017-05-25
နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသ မျှ နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုတဲ့ အချက်ကို ထည့်သွင်းမဆွေးနွေး သင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-05-25
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ဟို တယ်တွေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အခွန်ကောက်ခံတဲ့ စာတွေပေးပို့တာဟာ TNLA အဖွဲ့က စိစစ်နေတယ်လို့ တာ ဝန်ရှိသူက ပြောပါတယ်။
2017-05-25
အိမ်အကူမိန်းကလေး ၂ ဦး ကို ညှဉ်း ပန်းနှိပ်စက်ခဲ့တာနဲ့ ပတ်သက်ပြီး အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစု ၆ ဦးကို အနောက်ပိုင်းခရိုင်တရားရုံးက တစ်ဦးချင်းစီ ဆက်လက်ရင်ဆိုင်ရမယ့် ပုဒ်မတွေနဲ့ ဒီနေ့ စွဲချက်တင်လိုက်ပါတယ်။
2017-05-25
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကမြောကင်းလမ်းက လယ်မြေတွေပေါ်မှာ ကုမ္ပဏီက မြေဖ့ိုတာကြောင့် ကုမ္ပဏီနဲ့ လယ်သမားတွေ ကြားဖြစ်နေတဲ့ မြေယာပြဿနာကို တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဖြေရှင်းပေးမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကတိပေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။
2017-05-25
မနေ့က နိုင်ငံတော် သံဃာ့မဟာနာယက ကထုတ်ပြန်တဲ့ ကြေညာချက်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့-မဘသ အမည်နဲ့ ဆိုင်းဘုတ်မသုံးခိုင်းတာသာ ဖြစ်တဲ့အတွက် မဘသအဖွဲ့ ဖျက်သိမ်းခိုင်းတာ မဟုတ်ဘူးလို့ သုံးသပ်ကြောင်း မဘသ ဗဟိုဦးဆောင်ဆရာတော် ဦးသောပါကက မိန့်ပါတယ်။
2017-05-25
အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ဖျက်သိမ်းဖို့ နိုင်ငံတော်သံဃာ့နာယက အဖွဲ့က မေလ၂၃ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2017-05-25
၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို နေပြည်တော်က မြန်မာ-အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ-၂ မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေ မတက်ရောက်ကြပေမယ့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ဝ၊ ကချင်၊ တအာန်း၊ ရခိုင်နဲ့ ကိုးကန့်အဖွဲ့တွေ တက်ရောက်လာကြပါတယ်။
2017-05-25
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွေ ပြောကြားရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကတဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်သွားဖို့ ပြောခဲ့ကြပါတယ်။