နိုင်ငံတော်က ခွဲမထွက်ရေးမူကို SNLD ကန့်ကွက်
2017.05.25

နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုတဲ့ အချက်ကို ထည့်သွင်း မဆွေးနွေးသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ဒုတိယနေ့ အစည်းအဝေးမှာ နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုပါဝင်တဲ့ နိုင်ငံတော်ရဲ့ နယ် အမြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့အချက် ထည့်သွင်းထားတဲ့အတွက် မ ထည့်သင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုုပ် SNLD ကိုယ်စားလှယ် စိုင်းထင်ကျော်က အခုလို ပြောဆိုလိုက်တာပါ။
"တို့တာဝန်အရေး သုံးပါးရှိတယ်၊ တို့တာဝန်အရေးသုံးပါးနဲ့တင် အများကြီးပြည့်စုံနေပါပြီ၊ ဒါကြောင့် ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ အချက်အလက်သည် ထည့်သွင်းရေးဆွဲစရာအချက် မဟုတ်ဘူးဆိုတာ ကျနော်တို့ဆွေးနွေးချင်းဖြစ်ပါတယ်"
နိုင်ငံရေးကဏ္ဍမှာ ပါဝင်ဆွေးနွေးတဲ့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ခွဲမထွက်ခွင့် ဆိုတဲ့ စကားလုံးအစား ဥမကွဲသိုက်မပျက် ပြည်ထောင်စုအတွင်းတွင် တစုတစည်းတည်း စုပေါင်းနေထိုင်ကြရန် ဆိုတဲ့စကာလုံးကို အစားထိုးပြင်ဆင်ဖို့ တပ်မတော်က အကြံပြုထားကြောင်း ပြောပါတယ်။
နိုင်ငံတော်ရဲ့နယ်မြေအပိုင်းအခြာဟူသမျှ နိုင်ငံတော်မှမည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့ အချက်ဟာ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ်တွေနဲ့ လုံးဝဆန့်ကျင်နေကြောင်း၊ လွတ်လပ်ရေး ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင် ဆန်းရဲ့ ပြည်ထောင်စုမူနဲ့ ဆန့်ကျင်နေကြောင်းနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေနိုင်ကြောင်း လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးတဲ့အတွက် ပြည်သူလူထုရဲ့ သဘော ထားအမြင်များ ရယူနိုင်ခြင်းမရှိကြောင်း ပြည်နယ်အတွင်းမှာရှိတဲ့ အခြားအဖွဲ့အစည်းတွေ ပါဝင်လာနိုင်ခြင်းမရှိ တဲ့အတွက် နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့အချက်ကို သဘောထားပေးရန် အခက်အခဲရှိကြောင်း ပါရှိပါတယ်။
အခြားအဖွဲ့အစည်းများအနေနဲ့ သဘောတူခဲ့မယ်ဆိုရင်လည်း အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ သဘောထား သာဖြစ်ကြောင်းနဲ့ ရှမ်းတိုင်းရင်းသားတစ်ရပ်လုံးရဲ့ သဘောထားကို ကိုယ်စားပြုမှာ မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံဒုတိယအကြိမ် အစည်းအဝေးမှာ စီးပွားရေး၊နိုင်ငံရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးစတဲ့ အကြောင်းအရာအလိုက် ဆွေးနွေးနေကြတာဖြစ်ပါတယ်