ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံနဲ့ သိသာလာတဲ့ တရုတ်ရဲ့ ပါဝင်မှု
2017.05.25
ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံကို ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး တပ်မတော်နဲ့မျက်နှာချင်း မဆိုင်နိုင်ဖြစ်နေကြတဲ့ တိုင်းရင်းသားတွေလည်း ညီလာခံကို တက်ရောက်လာတာကြောင့် အားရကျေနပ်သူတွေ ရှိပါတယ်။ ဒါပေမဲ့ UNFC လို တပ်ပေါင်းစုအဖွဲ့ကတော့ ညီလာခံကို ရောက်မလာတဲ့အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ရင်မအေးနိုင်ဖြစ်နေရတယ်လို့ ဆိုပါတယ်။ အခုညီလာခံမှာ ထူးခြားချက်အနေနဲ့ တရုတ်နိုင်ငံရဲ့နောက်ကွယ်က ပါဝင်မှုကတော့ သိသိသာသာ မြင်တွေ့ရပါတယ်။ ဦးတင်အောင်ခိုင် ဆက်လက်တင်ပြပါမယ်။