မြောက်ပိုင်းအဖွဲ့ တက်ရောက်မှု တိုးတက်မှုအဖြစ် ဒေါက်တာလှကျော်ဇော ရှူမြင်


2017.05.25

မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက ပင်လုံညီလာခံကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တက်ရောက်မှုကို ငြိမ်းချမ်းရေးအတွက် အကောင်းလက္ခဏာအဖြစ် ရှုမြင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြောက်ပိုင်းအဖွဲ့တွေ ဒီကနေ့တွေ့ဆုံပွဲဟာ နှစ်ဖက်သဘောထား တင်ပြမှုလောက်ပဲ ရှိမှာဖြစ်ပေမယ့် ရေရှည် ညှိနိုင်းမှုတွေကို ဦးတည်သွားနိုင်ကြောင်း၊ တရုတ်အစိုးရက မြန်မာပြည်ငြိမ်းချမ်းရေးမှာ ဆက်လက်ပါဝင် မှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားကြီးနိုင်ငံတွေအကြားမှာ မြန်မာပြည်အကျိုးအတွက် ကျွမ်းကျင်စွာ ဆောင်ရွက်နေကြောင်းနဲ့ လက်ရှိမှာ တရုတ်ပြည်ကသာမက အမေရိကန်၊ ဂျပန်၊ ဥရောပနဲ့ တခြားနိုင်ငံတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အားပေးနေကြတာမြင်ရကြောင်း RFA ကို ပြောကြား လိုက်ပါတယ်။

ဒေါက်တာ လှကျော်ဇောနဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။