သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-25
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသမှာ တရုတ်နိုင်ငံ ယန်စီကုမ္ပဏီက သတ္တုကြောတစ်ခု ရှာဖွေတွေ့ရှိထားပြီး တူးဖော်ထုတ်လုပ်ခွင့်ရဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ တင်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ဒီနေ့ ပြောပါတယ်။
2017-11-25
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ တန်းတူညီမျှတဲ့ ပညာသင်ကြားခွင့်ရရှိဖို့အတွက် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN က အစိုးရထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2017-11-25
နိုင်ငံတကာက မြန်မာနိုင်ငံကို ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး တာဝန်ယူမှုရှိဖို့ ဝေဖန်သံတွေ ဆူဆူ ညံညံထွက်နေချိန်မှာ တရုတ်သမ္မတနဲ့ မြန်မာ ကာကွယ်ရေးဦးစီးချုပ်ဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာတွေ့ဆုံပြီး စစ်ရေးနဲ့ စီးပွားရေးတွေမှာ တရုတ်က မြန်မာကို အကူအညီပေးဖို့ကိစ္စတွေ ဆွေးနွေးခဲ့ ကြပါတယ်။
2017-11-24
နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေ အတိုင်း လိုက်နာဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2017-11-24
ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ပြည်ပကနေ ဦးဆောင်မှုပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်း တည်ထောင်သူ ပီနန်ဆရာတော် ဦပညာဝံသဟာ ဒီကနေ့မနက် ၅ နာရီကျော်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။
2017-11-24
ကချင်ပြည်နယ်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ အပါအဝင် စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်မိသားစုတွေရဲ့ ရှင်သန်ရပ်တည်ရေး၊ နေရပ်ပြန်နိုင်ရေး၊ ငြိမ်းချမ်းရေး စတာတွေနဲ့ ပတ်သက်လို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။
2017-11-24
မြန်မာ့စီးပွားရေးတိုးတက်ဖို့ အသေးစား၊ အလတ်စား လုပ်ငန်းတွေချေးငွေက အရေးပါနေပါတယ်။ ဒါကို SME Loan လို့ ခေါ်ပြီး၊ မြန်မာနိုင်ငံအတွက် နိုင်ငံတကာဘဏ်တွေက ထောက်ကူနေပေမယ့် ချေးငွေရတဲ့နှုန်းက အတော့်ကိုနည်းနေပါတယ်။
2017-11-24
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အဝင် ဆင်းဘူရီမြို့နယ် အတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လိုက်ပါလာတဲ့ ကားတစ်စီးနဲ့ ဆယ်ဘီးကား တိုက်မိပြီး ကားမီးလောင်သွားတဲ့အတွက် ကားထဲမှာပါလာတဲ့ မြန်မာအလုပ်သမား ၁၃ ဦးနဲ့ ထိုင်းနိုင်ငံသား ကားမောင်းသမား တစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
2017-11-24
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံးမှာကျင်းပပြီး နိုင်ငံရေး ဆွေးနွေးရေး မူဘောင် ပြင်ဆင်သုံးသပ်ရေးကိစ္စတွေကို အဆုံးအဖြတ်ယူခဲ့ပါတယ်။
2017-11-24
မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်း SME ပေါင်း ၅၂၀၀၀ ခန့်ရှိပြီး အဲဒီအထဲက ၁၉၀ ကျော်သာ ချေးငွေရရှိထားတဲ့အတွက် SME ကဏ္ဍ ဖွံ့ဖြိုးဖို့ မလွယ်ဘူး လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ထွန်းနိုင် က ဝေဖန်လိုက်ပါတယ်။
2017-11-24
နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လေးစားလိုက်နာဖို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2017-11-24
၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ ပြည်ပကနေ ဦးဆောင်ခဲ့တဲ့ မလေးရှားနိုင်ငံ ပီနန်မြို့ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဓမ္မိကာရာမကျောင်းတိုက်ဆရာတော် ဦးပညာဝံသဟာ ဒီကနေ့မနက်မှာ မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ ပျံလွန်တော်မူသွားပြီ ဖြစ်ပါတယ်။
2017-11-24
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း တောင်ဘဇာနယ်မြေတွင်းက ဗောဓိကိုင်းရွာနားမှာ မိုင်းပေါက်ကွဲပြီး ဒေသခံ မြိုတိုင်းရင်းသားတစ်ဦး သေဆုံးခဲ့တဲ့ကိစ္စကို သေဆုံးသူရဲ့ ဇနီးဖြစ်သူက တိုင်ကြားလာတာကြောင့် အမှုဖွင့် စစ်ဆေးနေတယ် လို့ တောင်ဘဇာနယ်မြေ ရဲစခန်းက ဒီနေ့ပြောပါတယ်။
2017-11-24
တရုတ်-အာဆီယံဆက်ဆံရေး၊ တောင်တရုတ် ပင်လယ်အရေးနဲ့ တရုတ်နိုင်ငံကနေ အာရှအလယ် ပိုင်းနဲ့ အာရပ်ကမ္ဘာကိုဆက်သွယ်မယ့် one belt one road တကြောင်းတည်းသော ပတ်လမ်း အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-11-23
ရခိုင်ပြည်နယ်အရေးမှာ “ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ” ရှိခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ကြေညာထုတ်ပြန်လိုက်ပါတယ်။