သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-19
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည် ရုပ်သိမ်းလိုက်မယ် ဆိုရင် သာမန် ပြည်သူလူထု အတွက် အကျိုးကျေးဇူးတွေ ရရှိလာမယ်လို့ ဟာသ သရုပ်ဆောင် ကိုဇာဂနာက ပြောဆို လိုက်ကြောင်း Bloomberg သတင်းဌာနက ဖေါ်ပြပါတယ်။
2011-12-19
အစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အရ ချင်းအမျိုးသား တပ်ဦး CNF ဟာ လာမယ့် ဇန်နဝါရီလ ပထမပတ်ထဲမှာ ချင်းပြည်နယ် အစိုးရနဲ့ ပဏာမ အဆင့် တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ အာရ်အက်ဖ်အေကို ပြောပါတယ်။
2011-12-19
နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ မြေယာ အသိမ်းခံရတဲ့ တောင်သူ လယ်သမားတွေ အတွက် ဥပဒေ အကျိုးဆောင် အဖြစ် ဆောင်ရွက်ပေးနေသူ မန္တလေးမြို့က ရှေ့နေကြီး ဦးမြင့်သွင်ကို တရားလွှတ်တော်ချုပ်က ရှေ့နေလိုက်ခွင့် သုံးနှစ် ပိတ်လိုက်တယ်လို့ သိရပါတယ်။
2011-12-19
ကချင်ပြည်နယ် မိုးကောင်း မြို့နယ်ထဲမှာ ရှိတဲ့ မန္တလေး မြစ်ကြီးနား မီးရထားလမ်းပေါ်မှာ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက ဗုံး ၅ လုံး ပေါက်ကွဲခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။
2011-12-19
ပြန်လည် မှတ်ပုံတင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တွေ အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို NLD ဗဟို အလုပ်အမှုဆောင် ကော်မတီက ရွေးကောက် တင်မြှောက်လိုက် ပါတယ်။
2011-12-19
ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်ရဲ့ မြန်မာပြည် ခရီးစဉ်မှာ စီးပွားရေး မသမာမှုတွေ ပေါ်ပေါက်နိုင်တာကြောင့် အနီးကပ် စောင့်ကြည့်ကြဖို့ ပညာရှင်တွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ထိုင်းလူထုကို တိုက်တွန်းလိုက် ပါတယ်။
2011-12-18
မြန်မာ့ ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာ သံတမန်ရေးရာ ဆောင်ရွက်မှုတွေမှာ အစဉ်တစိုက် အားပေး ဦးဆောင် လှုပ်ရှားခဲ့သူ ချက်ကိုစလိုဗက်ကီးယားနဲ့ ချက်သမ္မတနိုင်ငံရဲ့ သမ္မတဟောင်း Vaclav Havel ဟာ ချက်နိုင်ငံက သူ့ရဲ့ နေအိမ်မှာ ဒီကနေ့ ကွယ်လွန်သွားပါတယ်။
2011-12-18
တိုင်းပြည်နဲ့ လူမျိုးအတွက် အနစ်နာခံ ဆောင်ရွက်တဲ့ အညတရ သူရဲကောင်းတွေရဲ့ စိတ်ဓာတ်နဲ့ စေတနာကို မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာက အာရုံစိုက်လာဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ချီးမြှင့်တဲ့ အညတရ သူရဲကောင်းဆု ရရှိသူတွေကို တိုကျိုမြို့မှာ ဒီကနေ့ ဂုဏ်ပြုပွဲ ကျင်းပပါတယ်။
2011-12-18
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS∕SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင်ဖို့ ဇန်နဝါရီလမှာ တွေ့ဆုံကြဖို့ မနေ့က နှစ်ဘက် သဘောတူခဲ့ကြပါတယ်။
2011-12-18
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP က လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ်လို့ သိရပါတယ်။
2011-12-18
နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်တော့မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီ တည်ထောင်ခွင့်ရပြီးနောက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ် ၄၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သင့်တော်မယ့် ကိုယ်စားလှယ် လောင်း နေရာတွေ လျာထား စီစဉ်နေပါတယ်။
2011-12-18
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်နာယက ရွှေညဝါဆရာတော်ကို နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့က အရေးယူမှုနဲ့ ပတ်သက်ပြီးဆွေးနွေးထားကြပါတယ်။
2011-12-17
NLD ရဲ့ လူမှုရေး လုပ်ဆောင်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ရှင်းလင်းတင်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ ဗီဒီယိုကို သြစတြေလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ရန်ပုံငွေရှာဖွေတဲ့ ညစာစားပွဲမှာ ပြသပါတယ်။
2011-12-17
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ ငြိမ်းချမ်းရေးသဘောတူညီ ချက် ရရှိဖို့အတွက် နောက်ထပ် သုံးနှစ်အထိ ကြာမြင့်နိုင်တယ်လို့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက မနေ့က ပြောလိုက်ပါတယ်။
2011-12-17
စစ်ပြေးဒုက္ခသည်တွေကို အကူအညီ ပေးနေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ကျေးဇူးတင်ကြောင်း ကချင်ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီရုံးက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။