စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသင့်ကြောင်း ကိုဇာဂနာ အကြံပြု
2011.12.19

(Photo: AFP)
အထူးသဖြင့် အထည်ချုပ် လုပ်ငန်း ကဏ္ဍမှာ ရင်းနှီး မြှုပ်နှံခွင့်တွေ ရရှိလာမယ် ဆိုရင် သာမန်ပြည်သူတွေ အကျိုးခံစားရမှာ ဖြစ်ပါတယ်၊
စီးပွားရေး ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းလိုက်မယ် ဆိုရင် နိုင်ငံခြား တိုင်းပြည်တွေဆီက အကူအညီတွေ ပိုရလာမှာ ဖြစ်ပါတယ်လို့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ ကိုဇာဂနာက နိုင်ငံခြား သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ် နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့မှုတွေ ပေးနိုင်တဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းလည်း ကိုဇာဂနာက
ပြောဆိုပါတယ်။
ကိုဇာဂနာနဲ့ အဖွဲ့ဟာ ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်ပြီး အိမ်နီးချင်း နိုင်ငံတွေကို သွားရောက် လေ့လာရေး ခရီးစဉ် စတင်နေပါတယ်။ ဒီခရီးစဉ်ဟာ သူ့ရဲ့ပထမဆုံး ပြည်ပခရီး ဖြစ်ပါတယ်။ ကိုဇာဂနာ နဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ ကနေ ကမ္ဘောဒီးယားနိုင်ငံ ကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။