သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-27
မကွေးတိုင်းအတွင်း ဆည်တမံတွေ ရေလျှံခဲ့တဲ့အတွက် ဒေသခံတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေ ထိခိုက်နစ်နာပြီး၊ အလုပ်လက်မဲ့ ပြဿနာတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။
2015-08-27
အခုရက်ပိုင်းအတွင်း မန္တလေးတိုင်း မိတ္ထိလာမြို့နယ်ဘက်ကနေ ထွက်လာပြီး ကျောက်ပန်းတောင်းနဲ့ ညောင်ဦးမြို့နယ်တွေထဲကို ရောက်ရှိလာတဲ့ တောရိုင်းဆင် ၆ ကောင်ကို ဖမ်းဆီးဖို့ အစိုးရသစ်တောဌာနက ကြိုးပမ်းနေပါတယ်။
2015-08-27
မန္တလေးမြို့မှာ စစ်ပြေးဒုက္ခသည် ကလေးငယ်တွေကို ပညာသင်ကြားပေးနေတဲ့ ဘုန်းတော်ကြီးတွေကို လှူဒါန်းဖို့အတွက် ပန်းချီဆရာ ၅ဝ စုစည်းပြီး ရန်ကုန်မြို့ နဝဒေးလမ်းက Think Art Gallery မှာ ပန်းချီပြပွဲ တခု ပြုလုပ်နေပါတယ်။
2015-08-27
စွန့်ဦးတီထွင်မှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ရေးအတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အမျိုးသမီးလုပ်ငန်းရှင်တွေ ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးခဲ့ကြပါတယ်။
2015-08-27
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ အစဉ်အလာမပျက် ကျင်းပနေတဲ့ တောင်ပြုံးပွဲကို ဒီကနေ့ စတင်နေပြီဖြစ်ပါတယ်။ လာမယ့်သြဂုတ်လ ၃ဝ ရက်နေ့အထိ ကျင်းပမယ့် ဒီပွဲတော်မှာ အနယ်နယ်အရပ်ရပ်က လာရောက်အဓိဋ္ဌာန်ပြုသူတွေ၊ လည်ပတ်သူတွေနဲ့ စည်ကားနေပါတယ်။
2015-08-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအကြား သက်ဆိုင်သူတွေ အားလုံး ပါဝင်ပြီး အားလုံးကလည်း ကတိတည်မယ့် အပစ်ရပ်စာချုပ် ကို အမြန်ဆုံးလက်မှတ်ရေးထိုးကြစေချင်တယ်လို့ ပြောကြား လိုက်ပါတယ်။
2015-08-26
ရခိုင်ပြည်နယ်အတွင်းက ရေဘေးကြောင့် ပျက်စီးခဲ့ရတဲ့ ဘုန်းတော်ကြီး ၈၆ ကျောင်း အတွက် သီတဂူ ဆရာတော် အရှင်ဉာဏိဿရက ငွေကျပ် သိန်းပေါင်း ၈၀၀ ကျော်ကို စစ်တွေမြို့မှာ ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
2015-08-26
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းသမားတွေ အနေနဲ့ မိမိတို့ သတင်းယူမယ့် မြို့နယ်အတွက် ကြိုတင်လျှောက်ထားရမှာဖြစ်ပြီး ကိုယ်တိုင်ဝန်ခံ ချက် ရေးသားတင်ပြရမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာအဖွဲ့အစည်းတွေထံ ဒီနေ့ အကြောင်းကြားလိုက်ပါတယ်။
2015-08-26
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေအရ ပုံနှိပ်မီဒီယာတွေနဲ့ ရုပ်မြင် သံကြား မီဒီယာတွေဟာ အပြန်အလှန် ၃၀ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခွင့်ရှိမှာ ဖြစ်ပါတယ်။
2015-08-26
မန္တလေးမြို့ အိုးဘိုထောင်မှာ ဖမ်းဆီးထိန်း သိမ်းထားတဲ့ ရတနာပုံတက္ကသိုလ် က ကျောင်းသား ၄ ဦးဟာ စာမေးပွဲဖြေရမယ့်ရက်နီးလာ ပြီဖြစ်တာကြောင့် သူတို့အားလုံးကို လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တောင်းဆိုလိုက် ပါတယ်။
2015-08-26
အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေး ထိုးမယ်လို့ မကြာသေးမီက ကြေညာထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေ မနေ့က တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က ရွာသား ၇ ဦး ကို ဖမ်းဆီးသွားတယ်လို့ ရှမ်းပြည်တပ် မတော် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလက RFA ကို ပြောပါတယ်။
2015-08-26
အစိုးရနဲ့ တိုင်းရင်းသားတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြဖို့ ဒေါ်အောင်ဆန်း စုကြည်က သတိပေးပြောကြားလိုက်ကြောင်း AP သတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။
2015-08-26
မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖံ့ွဖြိုးရေး ဝန်ကြီးဌာနနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့က ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးယူဖို့ကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2015-08-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ၈၈မျိုး ဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ရဲ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် ပြည်သူတွေ နိုးကြားတက်ကြွလာဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။
2015-08-26
သံလွင်မြစ်ပေါ်မှာတည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကို ကန့်ကွက် ကြောင်း ရှမ်းပြည်နယ်က ဒေသခံ ၂၃၀၀၀ ကျော်က လက်မှတ်ရေးထိုးပြီး မိုင်းတုံ ရေအားလျပ်စစ်စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင် သက်ရောက်မှု ဆန်းစစ်ချက်တွေ လုပ်နေတဲ့ သြစတြေးလျနိုင်ငံက SMEC ကုမ္ပဏီကို ပေးပို့လိုက်ပါတယ်။